YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 7:1-13

သုတ္တံ 7:1-13 JBMLE

ငါ့​သား၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်၍၊ ငါ့​ပ​ညတ်​တို့​ကို သင်၌​သို​ထား​လော့။ ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ အ​သက်​ရှင်​လော့။ ငါ​ပေး​သော​တ​ရား​ကို ကိုယ်​မျက်​ဆန်​ကဲ့​သို့​စောင့်​လော့။ သင်၏​လက်​ချောင်း​တို့၌ ချည်​ထား၍၊ သင်၏ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​မှတ်​လော့။ ပ​ညာ​ကို ကိုယ်​နှ​မ​ဟူ၍​လည်း​ကောင်း၊ ဉာဏ်​ကို ကိုယ်​ပေါက်​ဖော်​ဟူ၍​လည်း​ကောင်း​ခေါ်​လော့။ သို့​ပြု​လျှင် သူ​တို့​သည် အ​မျိုး​ပျက်​သော​မိန်း​မ၊ နှုတ်​နှင့် ချော့​မော့​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ​လက်​မှ သင့်​ကို ကယ်​တင်​ကြ​လိမ့်​မည်။ ငါ့​အိမ်​ပြတင်း​ရွက်​ကြား​မှ ငါ​ကြည့်၍ မြင်​ရ​သော​အ​မှု​ဟူ​မူ​ကား၊ ဉာဏ်​တိမ်​သော အ​မျိုး​သား​ချင်း​စု​ကို ငါ​ကြည့်​ရှု​စဉ်​တွင်၊ ဉာဏ်​မ​ရှိ​သော လူ​ပျို​တစ်​ယောက်​သည်၊ ထို​သို့​သော မိန်း​မ​နေ​ရာ​လမ်း​ထောင့် အ​နား​သို့​လျှောက်​သွား​သ​ဖြင့်၊ မိုး​ချုပ်၍ ညဉ့်​ဦး​အ​ချိန်၊ ညဉ့်​နက်​သော​အ​ချိန်​ရောက်​သော​အ​ခါ၊ ထို​မိန်း​မ​နေ​ရာ​လမ်း​သို့ လိုက်​လေ၏။ ပြည့်​တန်​ဆာ​အ​ဝတ်​ကို​ဝတ်၍၊ ဆန်း​ပြား​သော မိန်း​မ​သည် ထို​သူ​ကို ကြို​ဆို၏။ ထို​မိန်း​မ​သည် ကျယ်​သော​အ​သံ​နှင့် ခိုင်​မာ​သော စိတ်​သ​ဘော​ရှိ၏။ ကိုယ်​အိမ်၌ မ​နေ၊ လည်​တတ်၏။ ခ​ဏ​အိမ်​ပြင်၊ ခ​ဏ​လမ်း​ထဲ​မှာ နေ​လျက်၊ လမ်း​ထောင့်​အ​ရပ်​ရပ်၌ ချောင်း​မြောင်း၍ ကြည့်​တတ်၏။ ထို​လူ​ပျို​ကို တွေ့​သော​အ​ခါ၊ ရဲ​သော​မျက်​နှာ​နှင့် ဖမ်း​ဖက်​နမ်း​ရှုပ်​လျက်၊