YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 6:1-8

သုတ္တံ 6:1-8 JBMLE

ငါ့​သား၊ သင်​သည် အ​ဆွေ​ခင်​ပွန်း​အ​တွက် အာ​မ​ခံ​မိ​သော်​လည်း​ကောင်း၊ သူ​တစ်​ပါး​နှင့် လက်​ဝါး​ချင်း ရိုက်​မိ​သော်​လည်း​ကောင်း၊ ကိုယ်​နှုတ်​ထွက်​စ​ကား​ဖြင့် ကျော့​မိ​ပြီ။ ကိုယ်​ပြော​သော​စ​ကား​ကြောင့် အ​မှု​ရောက်​လေ​ပြီ။ ငါ့​သား၊ သင်​သည် အ​ဆွေ​ခင်​ပွန်း​လက်​သို့ ရောက်​မိ​လျှင်၊ ကိုယ်​ကို​နုတ်​အံ့​သော​ငှာ အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ဆွေ​ခင်​ပွန်း​ထံ​သို့​သွား၍၊ ကိုယ်​ကို​နှိမ့်​ချ​လျက် သူ့​ကို​နှိုး​ဆော်​လော့။ အိပ်​မ​ပျော်​နှင့်။ မျက်​စိ​မှိတ်၍ မ​ငိုက်​နှင့်။ မု​ဆိုး​လက်​မှ သ​မင်​ဒ​ရယ်​ကို​လည်း​ကောင်း၊ ငှက်​ကို​လည်း​ကောင်း နုတ်​ရ​သ​ကဲ့​သို့ ကိုယ်​ကို​နုတ်​လော့။ အ​ချင်း​လူ​ပျင်း၊ ပု​ရွက်​ဆိတ်​ထံ​သို့ သွား၍၊ သူ၏​အ​ပြု​အ​မူ​တို့​ကို ဆင်​ခြင်​သ​ဖြင့် ပ​ညာ​ရှိ​စေ​လော့။ ပု​ရွက်​ဆိတ်​သည် ဆ​ရာ​မ​ရှိ၊ ပဲ့​ပြင်​သော​သူ​မ​ရှိ၊ မင်း​မ​ရှိ​ဘဲ​လျက်၊ နွေ​ကာ​လ​နှင့် စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိ​မိ​စား​စ​ရာ​အ​စာ​ကို ရှာ​ဖွေ​သို​ထား​တတ်၏။