လေမွေလမင်းကြီး၏မယ်တော်သည် သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊ ငါ့သားအဘယ်သို့နည်း။ ငါဖွားသောသား၊ အဘယ်သို့နည်း။ ငါ၏သစ္စာကတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊ သင်၏အစွမ်းသတ္တိကို မိန်းမတို့အား မပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့်အကြံ အပြုအမူတို့ကို မအပ်နှင့်။ အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသားတို့နှင့် မတော်မသင့်။ သူတို့သည်သောက်လျက် တရားတော်ကိုမေ့လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင်ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။ ဆုံးလုသောသူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကိုလည်းကောင်း ပေးလော့။ ထိုသူတို့သည်သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။ ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှာ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြောလော့။ စကားပြောလျက်၊ တရားသဖြင့် စီရင်လျက်၊ ဆင်းရဲငတ်မွတ်သော သူတို့၏အမှုကို စောင့်လော့။ သီလနှင့်ပြည့်စုံသော မိန်းမကို အဘယ်သူတွေ့ရသနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဖိုးသာ၍ ထိုက်ပေ၏။ သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။ ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တစ်သက်လုံးပြုစုတတ်၏။ သိုးမွေးနှင့် ဝါကိုရှာ၍၊ မိမိလက်နှင့် အလိုအလျောက်လုပ်တတ်၏။ ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။ မိုးမလင်းမီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကိုလည်းကောင်း၊ ကျွန်မတို့အား အငန်းအတာကိုလည်းကောင်း၊ ပေးဝေတတ်၏။ ကောင်းမွန်စွာဆင်ခြင်၍၊ လယ်ကွက်ကို ဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။ မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သန်မြန်စေတတ်၏။ မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီးခွက်သည် တစ်ညလုံးမသေတတ်။ ချည်ဖြစ်စေတတ်သောတန်ဆာတို့ကို ကိုယ်လက်နှင့်ကိုင်၍ လုပ်ဆောင်တတ်၏။ ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ်သောသူတို့အား လက်ရုံးကို ဆန့်တတ်၏။ မိုးပွင့်ကျသော်လည်း၊ မိမိအိမ်သူအိမ်သားတို့အတွက် မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။
သုတ္တံ 31 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 31:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ