YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 3:3-8

သုတ္တံ 3:3-8 JBMLE

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​ကို သင်​နှင့်​မ​ကွာ​စေ​နှင့်။ ထို​တ​ရား​တို့​ကို သင်၏​လည်​ပင်း၌ ဆွဲ​ထား​လော့။ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​သွင်း​လော့။ ထို​သို့​ပြု​လျှင် ဘု​ရား​သ​ခင်​ရှေ့ လူ​တို့​ရှေ့​မှာ​မျက်​နှာ​ရ၍၊ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။ ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဒု​စ​ရိုက်​ကို​ရှောင်​လော့။ သို့​ပြု​လျှင်၊ သင်၏​အ​ကြော​တို့​သည် အား​သန်၍၊ အ​ရိုး​တို့​သည် ခြင်​ဆီ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။