YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 3:27-35

သုတ္တံ 3:27-35 JBMLE

ကျေး​ဇူး​ကို​ခံ​သင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ရ​သော​အ​ခွင့်​ရှိ​လျှင် မ​ပြု​ဘဲ​မ​နေ​နှင့်။ အိမ်​နီး​ချင်း​ကို ပေး​စ​ရာ​ရှိ​လျက်​ပင်၊ သွား​တော့။ တစ်​ဖန်​လာ​ဦး​တော့။ နက်​ဖြန်​မှ ငါ​ပေး​မည်​ဟု မ​ပြော​နှင့်။ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​နား​မှာ​နေ​သော အိမ်​နီး​ချင်း၌ မ​ကောင်း​သော​အ​ကြံ​ကို​မ​ကြံ​နှင့်။ သင်၌​အ​ပြစ်​မ​ပြု​သော​သူ​ကို အ​ကြောင်း​မ​ရှိ​ဘဲ​ရန်​မ​တွေ့​နှင့်။ ညှဉ်း​ဆဲ​တတ်​သော​သူ၏​စည်း​စိမ်​ကို မ​တောင့်​တ​နှင့်။ သူ​လိုက်​သော လမ်း​တစ်​စုံ​တစ်​ခု​ကို​မျှ အ​လို​မ​ရှိ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဘော​ကောက်​သော​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​ရှိ​ကြ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။ အ​ကယ်​စင်​စစ် ကဲ့​ရဲ့​တတ်​သော​သူ​တို့​ကို ကဲ့​ရဲ့​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား​ကား၊ ကျေး​ဇူး​ပြု​တော်​မူ၏။ ပ​ညာ​ရှိ​သော​သူ​တို့​သည် ဘုန်း​အ​သ​ရေ​ကို​အ​မွေ​ခံ​ရ၍၊ မိုက်​သော​သူ​တို့​မူ​ကား၊ အ​ရှက်​ကွဲ​ခြင်း​ကို ထမ်း​သွား​ရ​ကြ​လိမ့်​မည်။