အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း၊ မိမိလည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် အခွင့်ရသောအခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။ ပညာတရားကို နှစ်သက်သောသူသည် မိမိအဘကို ဝမ်းမြောက်စေ၏။ ပြည့်တန်ဆာတို့နှင့် ပေါင်းဖော်သောသူမူကား၊ ဥစ္စာ ပြုန်းတီးတတ်၏။ တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်းပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင်မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။ အိမ်နီးချင်းကို ချော့မော့သောသူသည် အိမ်နီးချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။ အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက်ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်းဆိုတတ်၏။ ဖြောင့်မတ်သောသူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။ မထီမဲ့မြင်ပြုသောသူတို့သည် မြို့ကိုမီးရှို့တတ်၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ်၏။ ပညာရှိသောသူသည် မိုက်သောသူနှင့် အမှုတွေ့လျှင်၊ စိတ်ဆိုးသည် ဖြစ်စေ၊ ပြုံးရယ်သည် ဖြစ်စေ၊ အားရစရာအကြောင်း မရှိ။ လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သောသူတို့မူကား၊ သူတစ်ပါးအသက်ကို စောင့်မတတ်ကြ၏။ မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား၊ အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။ မင်းသည် မုသားစကားကို နားထောင်လျှင်၊ ကျွန်အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။ ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကိုပေးသနားတော်မူ၏။ ဆင်းရဲသားတို့ကို တရားသဖြင့်စီရင်သော ရှင်ဘုရင်၏အာဏာတော်သည် အစဉ်အမြဲ တည်တတ်၏။
သုတ္တံ 29 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 29:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ