ပျင်းရိသောသူက၊ အိမ်ပြင်မှာ ခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏။ တံခါးရွက်သည် စရွေး၌လည်သကဲ့သို့ ပျင်းရိသောသူသည် အိပ်ရာပေါ်မှာ လည်တတ်၏။ ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်းသော်လည်း၊ တစ်ဖန်နုတ်၍ မိမိပါးစပ်သို့ ခွံ့ရလျှင် စိတ်ညစ်တတ်၏။ ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည်ဟု ကိုယ်ကိုထင်တတ်၏။ လမ်း၌လျှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူနှင့် တူ၏။ ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက်၊ မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ၊ မြား၊ သေဘေးကို ပစ်တတ်သောအရူးနှင့်တူ၏။ ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏။ မီးခဲချင်း ပြုသကဲ့သို့လည်းကောင်း၊ ထင်းသည် မီးကို မွေးသကဲ့သို့လည်းကောင်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။ ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။ ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သောစိတ်နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။ အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာ လှည့်စားသောသဘောကို ဝှက်ထားတတ်၏။ ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဖွယ်သော အရာခုနစ်ပါးရှိ၏။ အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက်ထားသောသူ၏ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။ တွင်းတူးသောသူသည် မိမိတွင်းထဲသို့ကျလိမ့်မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက်သည် ပြန်၍လိမ့်လိမ့်မည်။ မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲသောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သောသူသည်လည်း ဖျက်ဆီးတတ်၏။
သုတ္တံ 26 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 26:13-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ