YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 26:1-16

သုတ္တံ 26:1-16 JBMLE

နွေ​ကာ​လ၌ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း၊ မိုက်​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ကို မ​ခံ​သင့်။ စာ​ငှက်​သည် အ​ရပ်​ရပ်​လှည့်​လည်၍၊ ဇ​ရက်​သည်​လည်း ပျံ​သွား​သ​ကဲ့​သို့၊ ထို​နည်း​တူ အ​ကြောင်း​မ​ရှိ​သော ကျိန်​ဆဲ​ခြင်း​သည် မ​သင့်​မ​ရောက်​တတ်။ မြင်း​ဖို့​နှင်​တံ၊ မြည်း​ဖို့​ဇက်​ကြိုး၊ မိုက်​သော​သူ၏​ကျော​ဖို့ ကြိမ်​လုံး​သည် သင့်​ပေ၏။ မိုက်​သော​သူ၏​သ​ဘော​သို့​လိုက်၍၊ သူ၏​စ​ကား​ကို မ​ချေ​နှင့်။ ထို​သို့​ချေ​လျှင် သူ​နှင့်​တူ​လိမ့်​မည်။ မိုက်​သော​သူ၏​သ​ဘော​သို့​လိုက်၍ သူ၏​စ​ကား​ကို ချေ​လော့။ သို့​မ​ဟုတ်၊ သူ​သည် ဝါ​ကြွား​သော​စိတ် ရှိ​လိမ့်​မည်။ မိုက်​သော​သူ​တွင် မှာ​လိုက်​သော​သူ​သည် ကိုယ်​ခြေ​ကို​ဖြတ်၍ အ​ကျိုး​နည်း​ရှိ၏။ သု​တ္တံ​စ​ကား​ကို မိုက်​သော​သူ ပြော​ခြင်း​သည် ခြေ​ဆွံ့​သော​သူ၏ ခြေ​ကြွ​ခြင်း​ကဲ့​သို့ ဖြစ်၏။ မိုက်​သော​သူ​ကို ချီး​မြှောက်​ခြင်း​သည် ကျောက်​ပုံ၌ ကျောက်​မြတ်​ကို ပစ်​ထား​ခြင်း​ကဲ့​သို့ ဖြစ်၏။ ဆူး​သည် ယစ်​မူး​သော​သူ၏ လက်​ကို​စူး​သ​ကဲ့​သို့၊ သု​တ္တံ​စ​ကား​သည် မိုက်​သော​သူ၏​နှုတ်၌​ရှိ၏။ ကြီး​သော​သူ​သည် ခပ်​သိမ်း​သော​သူ​တို့​ကို တုန်​လှုပ်​စေ​တတ်၏။ မိုက်​သော​သူ​နှင့် ပြစ်​မှား​တတ်​သော​သူ​တို့​ကို စေ​သုံး​တတ်၏။ ခွေး​သည် မိ​မိ​အန်​ဖတ်​ကို ပြန်၍​စား​တတ်​သ​ကဲ့​သို့၊ မိုက်​သော​သူ​သည် မိုက်​သော​အ​ကျင့်​ကို ပြန်၍ ကျင့်​တတ်၏။ ငါ​သည် ပ​ညာ​ရှိ၏​ဟု​ထင်​သော​သူ​ရှိ​လျှင်၊ ထို​သူ၌ မျှော်​လင့်​စ​ရာ အ​ခွင့်​ရှိ​သည်​ထက်၊ မိုက်​သော​သူ၌ သာ၍ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ၏။ ပျင်း​ရိ​သော​သူ​က၊ အိမ်​ပြင်​မှာ ခြင်္သေ့​ရှိ၏။ လမ်း​တို့၌ ခြင်္သေ့​ရှိ၏​ဟု ဆို​တတ်၏။ တံ​ခါး​ရွက်​သည် စ​ရွေး၌​လည်​သ​ကဲ့​သို့ ပျင်း​ရိ​သော​သူ​သည် အိပ်​ရာ​ပေါ်​မှာ လည်​တတ်၏။ ပျင်း​ရိ​သော​သူ​သည် မိ​မိ​လက်​ကို အိုး၌​သွင်း​သော်​လည်း၊ တစ်​ဖန်​နုတ်၍ မိ​မိ​ပါး​စပ်​သို့ ခွံ့​ရ​လျှင် စိတ်​ညစ်​တတ်၏။ ပျင်း​ရိ​သော​သူ​က၊ ငါ​သည် အ​ကျိုး​အ​ကြောင်း​ကို ပြ​တတ်​သော​သူ ခု​နစ်​ယောက်​ထက်​သာ၍ ပ​ညာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​တတ်၏။