YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 25:15-28

သုတ္တံ 25:15-28 JBMLE

ကြာ​မြင့်​စွာ​သည်း​ခံ​လျှင် မင်း​ကို​ဖျောင်း​ဖျ​နိုင်၏။ ချို​သော​စ​ကား​သည်​လည်း အ​ရိုး​ကျိုး​အောင်​တတ်​နိုင်၏။ ပျား​ရည်​ကို တွေ့​သ​လော။ ဝ​ရုံ​သာ​စား​တော့။ အ​စား​ကြူး​လျှင် ရင်​ပြည့်၍ အန်​ရ​လိမ့်​မည်။ သင်၏ အိမ်​နီး​ချင်း​အိမ်၌ ကြာ​မြင့်​စွာ​မ​နေ​နှင့်။ နေ​လျှင် သူ​သည် သင့်​ကို​ငြီး​ငွေ့၍ မုန်း​လိမ့်​မည်။ အိမ်​နီး​ချင်း​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို ခံ​သော​သူ​သည် တုတ်၊ ဓား၊ သံ​ချွန်​နှင့်​တူ၏။ အ​မှု​ရောက်​သော​ကာ​လ၌ သ​စ္စာ​ပျက်​တတ်​သော​သူ​ကို​ယုံ​လျှင် သွား​ကျိုး​ခြင်း၊ ခြေ​ဆစ်​ပြုတ်​ခြင်း​ကို ခံ​ရ၏။ စိတ်​ညှိုး​ငယ်​သော​သူ​အား သီ​ချင်း​ဆို​သော​သူ​သည် ဆောင်း​ကာ​လ၌ အ​ဝတ်​ကို​ချွတ်​သော​သူ၊ ယမ်း​စိမ်း​ပေါ်​မှာ ပုံး​ရည်​ကို လောင်း​သော​သူ​နှင့် တူ၏။ သင်၏​ရန်​သူ​သည် မွတ်​သိပ်​လျှင် လုပ်​ကျွေး​လော့။ ရေ​ငတ်​လျှင် သောက်​စ​ရာ​ဖို့​ပေး​လော့။ ထို​သို့​ပြု​လျှင် သူ၏​ခေါင်း​ပေါ်၌ မီး​ခဲ​ကို​ပုံ​ထား၍၊ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်၌ ဆု​ချ​တော်​မူ​မည်။ မြောက်​လေ​သည် မိုး​ရေ​ကို​ဆောင်​တတ်​သ​ကဲ့​သို့၊ ကုန်း​တိုက်​သော​လျှာ​သည် ဒေါ​သ​မျက်​နှာ​ကို ဆောင်​တတ်၏။ ရန်​တွေ့​တတ်​သော​မိန်း​မ​နှင့် လူ​များ​သော​အိမ်၌​နေ​သည်​ထက်၊ အိမ်​မိုး​ပေါ်​ထောင့်​ထဲ​မှာ​နေ​သော် သာ၍​ကောင်း၏။ ဝေး​သော​ပြည်​မှ​ရောက်​လာ​သော ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​သည် ရေ​ငတ်​သော​သူ၌ ချမ်း​ဧ​သော​ရေ​ကဲ့​သို့ ဖြစ်၏။ ဖြောင့်​မတ်​သော​သူ​သည် မ​တ​ရား​သော​သူ​ရှေ့​တွင် မှား​ယွင်း​လျှင်၊ နောက်​သော​ရေ​ကန်၊ ပုပ်​သော​စမ်း​ရေ​တွင်း​နှင့် တူ၏။ ပျား​ရည်​ကို​စား​ကြူး​လျှင် မ​ကောင်း​သ​ကဲ့​သို့၊ ကိုယ်​ဂုဏ်​သ​ရေ​ကို​ရှာ​လျှင် ဂုဏ်​အ​သ​ရေ​မ​ရှိ။ ကိုယ်​စိတ်​ကို မ​ချုပ်​တည်း​နိုင်​သော​သူ​သည် မြို့​ရိုး​ပြို​ပျက်၍ ဟင်း​လင်း​ရှိ​သော​မြို့​နှင့် တူ၏။