YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 23:17-35

သုတ္တံ 23:17-35 JBMLE

အ​ပြစ်​ထင်​ရှား​သော​သူ​တို့​ကို ငြူ​စူ​သော​စိတ် မ​ရှိ​စေ​နှင့်။ တစ်​နေ့​လုံး ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော ရှိ​စေ​လော့။ အ​ကယ်​စင်​စစ် အ​မှု​ဆုံး​ဖြတ်​ချိန်​သည် ရောက်​လိမ့်​မည်။ သင့်​မျှော်​လင့်​ခြင်း​အ​ကြောင်း မ​ပျက်​ရာ။ ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင်၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ကိုယ်​စိတ်​နှ​လုံး​ကို လမ်း​မ၌​ပဲ့​ပြင်​လော့။ စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ၊ အ​မဲ​သား စား​ကြူး​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော် မ​လုပ်​နှင့်။ သောက်​ကြူး​သော​သူ​နှင့် စား​ကြူး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​လိမ့်​မည်။ အိပ်​ကြူး​သော​သ​ဘော​သည် လူ​ကို အ​ဝတ်​စုတ်​နှင့် ခြုံ​တတ်၏။ သင့်​ကို ဖြစ်​ဖွား​စေ​သော​အ​ဘ၏​စ​ကား​ကို နား​ထောင်​လော့။ အ​သက်​ကြီး​သော အ​မိ​ကို မ​ထီ​မဲ့​မြင်​မ​ပြု​နှင့်။ သ​မ္မာ​တ​ရား​ကို​ဝယ်​လော့။ မ​ရောင်း​နှင့်။ ပ​ညာ​ကို​လည်း​ကောင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း၊ ဉာဏ်​သ​တ္တိ​ကို​လည်း​ကောင်း ထို​အ​တူ​ပြု​လော့။ ဖြောင့်​မတ်​သော​သူ၏​အ​ဘ​သည် အ​လွန်​ဝမ်း​မြောက်​လိမ့်​မည်။ ပ​ညာ​ရှိ​သော သား​ကို ဖြစ်​ဖွား​စေ​သော​သူ​သည် ထို​သား၌ အား​ရ​ဝမ်း​မြောက်​လိမ့်​မည်။ သင်၏​မိ​ဘ​တို့​သည် ဝမ်း​မြောက်၍၊ သင့်​ကို မွေး​ဖွား​သော​သူ​သည် ရွှင်​လန်း​လိမ့်​မည်။ ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။ ပြည့်​တန်​ဆာ​မ​သည် နက်​သော​ကျုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​မျိုး​ပျက်​သော​မိန်း​မ​သည် ကျဉ်း​သော မြေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ သူ​သည် ဓား​ပြ​ကဲ့​သို့​ချောင်း​ကြည့်​တတ်၏။ လွန်​ကျူး​သော ယောက်ျား​များ​ပြား​စေ​ခြင်း​ငှာ ပြု​တတ်၏။ အ​ဘယ်​သူ​သည် ဝမ်း​နည်း​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် ညည်း​တွား​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် ရန်​တွေ့​ခြင်း ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် မြည်​တမ်း​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် အ​ကျိုး​အ​ကြောင်း​မ​ရှိ၊ ထိ​ခိုက်၍​နာ​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် မျက်​စိ​နီ​ခြင်း​ရှိ​သ​နည်း​ဟူ​မူ​ကား၊ စ​ပျစ်​ရည်​ကို ကြာ​မြင့်​စွာ သောက်​လျက်​နေ​သော​သူ၊ ဆေး​နှင့်​ရော​သော စ​ပျစ်​ရည်​ကို ရှာ​တတ်​သော​သူ​တို့​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​ကြ၏။ ဖ​လား၌​နီ​လျက်၊ အ​ရောင်​တောက်​လျက်၊ အ​ချို​အ​မြိန်​ဝင်​လျက်​ရှိ​သော စ​ပျစ်​ရည်​ကို မ​ကြည့်​မ​ရှု​နှင့်။ နောက်​ဆုံး၌ မြွေ​ကဲ့​သို့ ကိုက်​တတ်၏။ မြွေ​ဆိုး​ကဲ့​သို့ နာ​စေ​တတ်၏။ သင့်​မျက်​စိ​တို့​သည် အ​မျိုး​ပျက်​သော​မိန်း​မ​တို့​ကို ကြည့်​ရှု၍၊ သင့်​နှ​လုံး​သည်​လည်း ကောက်​သော​စ​ကား​ကို မြွက်​ဆို​လိမ့်​မည်။ အ​ကယ်​စင်​စစ် သင်​သည် ပင်​လယ်​အ​လယ်၌ အိပ်​သော​သူ၊ သင်္ဘော​ရွက်​တိုင်​ဖျား​ပေါ်​မှာ အိပ်​သော​သူ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ သူ​တို့​သည် ငါ့​ကို​ရိုက်​ကြ​ပြီ။ သို့​သော်​လည်း ငါ​မ​နာ။ ငါ့​ကို​ထိုး​ကြ​သော်​လည်း ငါ​မ​သိ။ အ​ဘယ်​အ​ချိန်​မှ ငါ​နိုး​ရ​မည်​နည်း။ တစ်​ဖန် ငါ​ရှာ​ဦး​မည်​ဟု သင်​ဆို​လိမ့်​သ​တည်း။