YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 22:14-29

သုတ္တံ 22:14-29 JBMLE

အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​သည် နက်​သော မြေ​တွင်း​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​သူ​သည် ထို​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မိုက်​သော​သ​ဘော​သည် သူ​ငယ်၏​စိတ်​နှ​လုံး​ထဲ​မှာ ထုပ်​ထား​လျက်​ရှိ၏။ သို့​သော်​လည်း၊ ဆုံး​မ​သော​ကြိမ်​လုံး​သည် ထို​သ​ဘော​ကို ဝေး​စွာ​နှင်​တတ်၏။ ကိုယ်​စီး​ပွား​အ​ဖို့ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​နှင့်၊ ငွေ​ရ​တတ်​သော​သူ​တို့​အား ပေး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်။ သင်၏​နား​ကို​ညွှတ်၍ ပ​ညာ​ရှိ​စ​ကား​ကို နား​ထောင်​လော့။ ငါ့​ပ​ညာ​အ​တတ်​ကို​လည်း စိတ်​နှ​လုံး၌ စွဲ​လမ်း​လော့။ သင်၏​နှ​လုံး၌​သွင်း​မိ​နိုင်​လျှင် သာ​ယာ​သော​အ​ကျိုး ရှိ​လိမ့်​မည်။ သင်၏​နှုတ်၌​လည်း အ​စဉ် အ​သင့်​ရှိ​လိမ့်​မည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​မည်​အ​ကြောင်း၊ သင့်​ကိုယ်​တိုင်​ကို ယ​နေ့ ငါ​သွန်​သင်၏။ သင်​သည် သ​မ္မာ​တ​ရား​စ​ကား​စစ်​ကို သိ​မည်​အ​ကြောင်း​နှင့်၊ သင့်​ထံ​သို့ စေ​လွှတ်​သော​သူ​တို့​အား၊ သ​မ္မာ​စ​ကား​ကို ပြန်​ပြော​နိုင်​မည်​အ​ကြောင်း သ​တိ​ပေး​လျက်၊ ပ​ညာ​အ​တတ်​ကို ပြ​သ​လျက်၊ ထူး​ဆန်း​သော​အ​ရာ​တို့​ကို ငါ​ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်​လော။ ဆင်း​ရဲ​သော​သူ၏​ဆင်း​ရဲ​ကို​ထောက်၍၊ သူ၏​ဥ​စ္စာ​ကို မ​လု​မ​ယူ​နှင့်။ ဒု​က္ခိ​တ​သ​တ္တ​ဝါ​ကို မြို့​တံ​ခါး​ဝ၌ မ​ညှဉ်း​ဆဲ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​မည်။ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သော​သူ​တို့၏​အ​သက်​ကို လု​ယူ​တော်​မူ​မည်။ စိတ်​တို​သော​သူ​ကို မိတ်​ဆွေ​မ​ဖွဲ့​နှင့်။ အ​မျက်​ပြင်း​ထန်​သော​သူ​နှင့် အ​တူ​မ​လိုက်​နှင့်။ လိုက်​လျှင် သူ၏​ထုံး​စံ​ဓ​လေ့​တို့​ကို သင်၍၊ ကိုယ်​အ​သက်​ကျော့​မိ​ရာ​ဖြစ်​လိမ့်​မည်။ လက်​ဝါး​ချင်း​ရိုက်​သော​လူ​စု​နှင့် သူ့​ကြွေး​ကို အာ​မ​ခံ​သော လူ​စု​ထဲ​သို့ မ​ဝင်​နှင့်။ သင်၌​ပေး​ရန်​မ​ရှိ​လျှင်၊ သင့်​အိပ်​ရာ​ကို အ​ဘယ်​ကြောင့် ယူ​သွား​စေ​ချင်​သ​နည်း။ ဘိုး​ဘေး​စိုက်​ဖူး​သော မြေ​မှတ်​တိုင်​တို့​ကို မ​ရွှေ့​နှင့်။ ဆောင်​ရွက်​စ​ရာ​အ​မှု​ကို ကြိုး​စား၍ ပြီး​စီး​စေ​တတ်​သော​သူ​ရှိ​သ​လော။ ထို​သူ​သည် သာ​မ​ည​လူ၏​အ​မှု​ကို မ​ဆောင်​ရွက်၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်ရ၏။