YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 2:1-8

သုတ္တံ 2:1-8 JBMLE

ငါ့​သား၊ သင်​သည်​ပ​ညာ​စ​ကား​ကို နား​ထောင်၍၊ စေ​တ​နာ​စိတ်​နှင့် ဉာဏ်​ကို ရှာ​ဖွေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို နား​ခံ၍၊ ငါ့​ပ​ညတ်​တို့​ကို ကိုယ်​အ​ထဲ၌ သွင်း​မိ​လျှင်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ကို​ခေါ်၍၊ ဉာဏ်​နောက်​သို့ အ​သံ​ကို​လွှင့်​လျှင်​လည်း​ကောင်း၊ ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ ပ​ညာ​ရ​တ​နာ​ကို သို​ထား​တော်​မူ၏။ တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​တို့​သည် တ​ရား​လမ်း​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ သူ​တို့၏​လမ်း​ခ​ရီး​ကို လုံ​ခြုံ​စေ​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။