YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 11:24-31

သုတ္တံ 11:24-31 JBMLE

စွန့်​ကြဲ​သော်​လည်း ဥ​စ္စာ​တိုး​ပွား​တတ်​သော​သူ​ရှိ၏။ အ​ထောက်​မ​တန်​စု​သိမ်း၍ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်​သော​သူ​လည်း​ရှိ၏။ စွန့်​ကြဲ​တတ်​သော​သူ​သည် ကြွယ်​ဝ​လိမ့်​မည်။ သူ​တစ်​ပါး​ကို ရေ​လောင်း​သော​သူ​သည် ကိုယ်​တိုင်​ရေ​လောင်း​ခြင်း​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ စ​ပါး​ကို သို​ထား​သော​သူ​သည် လူ​များ​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရောင်း​ချ​သော​သူ၏​ခေါင်း၌​မူ​ကား၊ ကောင်း​ချီး​မင်္ဂ​လာ ရှိ​လိမ့်​မည်။ ကောင်း​သော​အ​ရာ​ကို ကြိုး​စား၍​ရှာ​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သော​သူ​မူ​ကား၊ ကိုယ်​အ​ကျိုး​ပျက်​ခြင်း​ရှိ​လိမ့်​မည်။ မိ​မိ​စည်း​စိမ်​ကို ကိုး​စား​သော​သူ​သည် ရှုံး​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သစ်​ခက်​ကဲ့​သို့ စိမ်း​လန်း​လိမ့်​မည်။ မိ​မိ​အိမ်​ကို​နှောင့်​ယှက်​သော​သူ​သည် လေ​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ မိုက်​သော​သူ​သည်​လည်း၊ လိ​မ္မာ​သော​သူ​ထံ၌ ကျွန်​ခံ​ရ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ သီး​သော​အ​သီး​သည် အ​သက်​ပင်​အ​သီး​ဖြစ်၏။ သူ​တစ်​ပါး​တို့၏​စိတ်​ဝိ​ညာဉ်​ကို ရ​သော​သူ​သည်​လည်း ပ​ညာ​ရှိ​ဖြစ်၏။ ဖြောင့်​မတ်​သော​သူ​သော်​လည်း မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​ဒဏ်​ကို​ခံ​ရ၏။ မ​တ​ရား​သော​သူ​နှင့် အ​ပြစ်​ထင်​ရှား​သော​သူ​ကို​မူ​ကား၊ အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​သ​နည်း။