တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။ တရားသောသူသည် ကောင်းချီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့လည်းကောင်း၊ မတရားသောသူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့လည်းကောင်း ရောက်တတ်၏။ ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။ လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။ အကြံပေးနိုင်သော ဉာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင်မူကား၊ ဘေးလွတ်တတ်၏။ အကျွမ်းမဝင်သောသူ၏အမှု၌ အာမခံသောသူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သောအမှုကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။ နှစ်သက်ဖွယ်သော မိန်းမသည် ဂုဏ်အသရေကိုလည်းကောင်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကိုလည်းကောင်းရတတ်၏။ သနားတတ်သောသူသည် မိမိကိုယ်၌ကျေးဇူးပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ယှက်တတ်၏။ မတရားသောသူပြုသောအမှုသည် အမြဲမတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသောသူမူကား၊ မြဲမြံသော အကျိုးကို ခံရလိမ့်မည်။ ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကို လိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။ သဘောကောက်သောသူတို့ကို ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သောသူတို့ကိုကား၊ နှစ်သက်တော်မူ၏။ လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်မူကား လွတ်ရ၏။ သမ္မာသတိမရှိ၊ အဆင်းလှသောမိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
သုတ္တံ 11 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 11:10-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ