YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:25-28

ဖိလိပ္ပိ 1:25-28 JBMLE

ထို​သို့​ရှိ​လိမ့်​မည်​ဟု ယုံ​မှား​ခြင်း​နှင့် ကင်း​လွတ်​သည်​ဖြစ်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​တစ်​ဖန် ရောက်​လာ​သော​အား​ဖြင့်၊ သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​အ​မှီ​ပြု၍ ငါ့​အ​တွက်​ကြောင့် သာ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တိုး​ပွား​ဝမ်း​မြောက်​မည်​အ​ကြောင်း၊ ငါ​သည် ကိုယ်​ခ​န္ဓာ၌​နေ၍ သင်​တို့​ရှိ​သ​မျှ​နှင့် ပေါင်း​ဖော်​ရ​မည်​ဟု ငါ​သိ၏။- သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။- ထို​သို့​ရန်​သူ​များ​ကြောင့် အ​လျှင်း​မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​သော အ​ကြောင်း​အ​ရာ​သည်၊ သူ​တို့၌ ပျက်​စီး​ခြင်း၏ နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်၏။ ဘုရားသခင်စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။

​ဖိလိပ္ပိ 1:25-28 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။