YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလေမုန် 1:4-16

ဖိလေမုန် 1:4-16 JBMLE

သင်​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်၍ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​သည်​ဟု ငါ​သည်​ကြား​လျှင်၊ ငါ၏​ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း၍၊ သင့်​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။- ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ကို ဆက်​ဆံ​သော အ​ရှိန်​ကြီး၍၊ သူ​တစ်​ပါး​တို့​သည် ယေ​ရှု​ခ​ရစ်​အ​ဖို့​အ​လို​ငှာ ငါ​တို့၌ ကောင်း​သော​အ​ရာ ရှိ​သ​မျှ တို့​ကို ဝန်​ခံ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- အ​ချင်း​ငါ့​ညီ၊ သင်​သည် သန့်​ရှင်း​သူ​တို့၏ စိတ်​နှ​လုံး​ကို သက်​သာ​စေ​သော​ကြောင့်၊ သင်၏​မေ​တ္တာ​ကို ထောက်၍ ငါ​တို့​သည် အ​လွန်​ဝမ်း​မြောက်​ချမ်း​သာ​ခြင်း ရှိ၏။ ထို​ကြောင့်၊ သင်​သည် ပြု​သင့်​သော​အ​မှု​အ​ရာ​ကို ပ​ညတ်​ထား​ခြင်း​ငှာ၊ ငါ​သည် ခ​ရစ်​တော်​အား​ဖြင့် အ​လွန်​ရဲ​ရင့်​စ​ရာ အ​ခွင့်​ရှိ​သော်​လည်း၊- အ​သက်​ကြီး​သော ပေါ​လု​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ ဖြစ်​လျက်​ပင်၊ မေ​တ္တာ​အား​ဖြင့်​သာ သင့်​ကို တောင်း​ပန်​ပါ၏။- ချည်​နှောင်​ခြင်း​ကို​ခံ​စဉ်​တွင် ငါ​ဖြစ်​ဖွား​စေ​သော သား​တည်း​ဟူ​သော၊- သင်​သည် အ​ထက်​က​အ​သုံး​မ​ရ​သော​သူ၊ ယ​ခု​တွင် ငါ​နှင့်​သင်​သည် အ​သုံး​ရ​သော​သူ ဩ​နေ​သိမ်​အ​ဖို့ ငါ​တောင်း​ပန်​ပါ၏။- ထို​သူ​ကို သင့်​ထံ​သို့ ငါ​ပြန်​စေ​သည်​ဖြစ်၍၊ သူ့​ကို ငါ့​ရင်​သွေး​ကဲ့​သို့​မှတ်​လျက် လက်​ခံ​လော့။- ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ချည်​နှောင်​ခြင်း​ကို ငါ​ခံ​စဉ်​တွင်၊ သူ​သည် သင်၏​ကိုယ်​စား ငါ့​ကို ပြု​စု​စေ​မည်​အ​ကြောင်း၊ သူ့​ကို ငါ​ထား​ချင်​သော်​လည်း၊- သင်​သည် ငါ၌ ကျေး​ဇူး​ပြု​ရာ​တွင် အ​နိုင်​ပြု​ရ​သ​ကဲ့​သို့​မ​ဟုတ်၊ အ​လို​အ​လျောက်​ပြု​စေ​ချင်​သော စိတ်​ရှိ​သည်​ဖြစ်၍၊ သင်၏​အ​ခွင့် မ​ရှိ​လျှင် အ​လျှင်း​မ​ပြု​လို။- ထို​မှ​တစ်​ပါး၊ သင်​သည် သူ့​ကို အ​စဉ်​ရ​စေ​ခြင်း​ငှာ၊ သူ​သည် သင်​နှင့်​ခ​ဏ​ကွာ​သွား​သည်​ဟု ဆို​စ​ရာ​ရှိ၏။- ထို​သို့​ဆို​သော်၊ အ​စေ​ခံ​ကျွန်​ကဲ့​သို့​ရ​မည်​ဟု မ​ဆို​လို၊ ငါ၌ အ​ထူး​သ​ဖြင့် ချစ်​သော​ညီ၊ သင်၌​ကား၊ ဇာ​တိ​အား​ဖြင့်​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ သာ၍​ချစ်​သော ညီ​ကဲ့​သို့​ရ​မည်​ဟု ဆို​လို​သ​တည်း။