YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဩဗဒိ 1:19-21

ဩဗဒိ 1:19-21 JBMLE

တောင်​မျက်​နှာ​သား​တို့​သည် ဧ​သော၏​တောင်​ကို​လည်း​ကောင်း၊ မြေ​ညီ​သော အ​ရပ်​သား​တို့​သည် ဖိ​လိ​တ္တိ​ပြည်​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​လယ်​ပြင်​နှင့် ရှ​မာ​ရိ​လယ်​ပြင်​ကို​လည်း​ကောင်း၊ ဗင်္ယာ​မိန်​အ​မျိုး​သည် ဂိ​လဒ်​ပြည်​ကို​လည်း​ကောင်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သိမ်း​သွား​ခြင်း​ကို ခံ​ရ၍၊ ခါ​န​နိ​လူ​တို့​တွင်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​လုံး​အ​ရင်း​သည် ဇ​ရ​တ္တ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍ သေ​ဖ​ရဒ်​ပြည်၌​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် တောင်​မျက်​နှာ မြို့​ရွာ​တို့​ကို​လည်း​ကောင်း သိမ်း​ယူ​ကြ​လိမ့်​မည်။ ဧ​သော၏​တောင်​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကယ်​တင်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ဖြစ်​လိမ့်​သ​တည်း။ ပ​ရော​ဖက်​ဩ​ဗ​ဒိ၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ ပြီး၏။