YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဩဗဒိ 1:15-18

ဩဗဒိ 1:15-18 JBMLE

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် နီး​ပြီ။ သင်​ပြု​သည်​အ​တိုင်း သင်၌ သူ​တစ်​ပါး​ပြု​လိမ့်​မည်။ သင်​ပြု​သော​အ​မှု​သည် သင့်​ခေါင်း​ပေါ်​သို့ ရောက်​ရ​လိမ့်​မည်။ ယု​ဒ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​သော ငါ့​တောင်​ပေါ်​မှာ စား​သောက်​သ​ကဲ့​သို့၊ ပတ်​လည်၌​နေ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် စား​သောက်​ရ​ကြ​လိမ့်​မည်။ စား​သောက်၍​မျို​သ​ဖြင့် မ​ရှိ​ဖူး​သော​သူ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။ ဇိ​အုန်​တောင်​ပေါ်​မှာ ဘေး​လွတ်​သော​သူ​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သန့်​ရှင်း​သော​အ​ရပ် ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး​သည် မိ​မိ​ပိုင်​ထိုက်​သော​မြေ​ကို ပိုင်​ရ​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး​သည် မီး၊ ယော​သပ်​အ​မျိုး​သည် မီး​လျှံ၊ ဧ​သော​အ​မျိုး​သည် အ​မှိုက်​ဖြစ်​လျက် မီး​ညှိ၍ လောင်​သ​ဖြင့်၊ ဧ​သော​အ​မျိုး​သား မ​ကျန်​ကြွင်း​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။