YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 32:1-5

တောလည်ရာ 32:1-5 JBMLE

ရု​ဗင်​အ​မျိုး​သား​နှင့် ဂဒ်​အ​မျိုး​သား​တို့​သည် အ​လွန်​များ​ပြား​သော တိ​ရ​စ္ဆာန်​တို့​နှင့် ကြွယ်​ဝ​သည်​ဖြစ်၍၊ ယာ​ဇာ​ပြည်၊ ဂိ​လဒ်​ပြည်​တို့၌ တိ​ရ​စ္ဆာန်​ကျက်​စား​စ​ရာ​ဖို့ ကောင်း​သည်​ကို​မြင်​ကြ​လျှင်၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ အ​စ​ရှိ​သော ပ​ရိ​သတ်​တို့​တွင် မင်း​များ​တို့​ထံ​သို့​လာ၍၊ အ​တ​ရုတ်၊ ဒိ​ဘုန်၊ ယာ​ဇာ၊ နိ​မ​ရ၊ ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ရှေ​ဘံ၊ နေ​ဗော၊ ဗော​န​တည်း​ဟူ​သော၊ ဣ​သ​ရေ​လ​ပ​ရိ​သတ်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား လုပ်​ကြံ​တော်​မူ​သော ဤ​ပြည်​သည် တိ​ရ​စ္ဆာန်​နှင့် တော်​လျော်​ပါ၏။ ကိုယ်​တော် ကျွန်​တို့၌​လည်း တိ​ရ​စ္ဆာန်​များ​ပြား​ပါ၏။ သို့​ဖြစ်၍ ကျွန်​တော်​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ ဤ​ပြည်​ကို ကိုယ်​တော် ကျွန်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပါ။ ကျွန်​တော်​တို့​ကို ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ဆောင်​တော်​မ​မူ​ပါ​နှင့်​ဟု လျှောက်​ကြ၏။