YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 22:1-7

တောလည်ရာ 22:1-7 JBMLE

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခ​ရီး​သွား၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တဲ​ဆောက်​ကြ၏။ အာ​မော​ရိ​အ​မျိုး​သား​တို့၌​ပြု​ကြ​သော အ​မှု​အ​လုံး​စုံ​ကို၊ ဇိ​ဖော်​သား ဗာ​လက်​မင်း​သိ​မြင်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် များ​ပြား​သော​ကြောင့်၊ မော​ဘ​ပြည်​သား​တို့​သည် အ​လွန်​ကြောက်​ရွံ့​ကြ၍၊ နွား​သည် မြက်​ပင်​ကို​လှမ်း၍​စား​သ​ကဲ့​သို့ ဤ​အ​လုံး​အ​ရင်း​သည် ငါ​တို့​ပတ်​လည်၌​ရှိ​သ​မျှ​ကို လှမ်း၍​စား​လိမ့်​မည်​ဟု ပူ​ပန်​သော​စိတ်​ရှိ​လျက်၊ မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား ဆို​ကြ၏။ ထို​အ​ခါ ဇိ​ဖော်​သား​ဗာ​လက်​သည်၊ မော​ဘ​ရှင်​ဘု​ရင်​ဖြစ်​သည်​နှင့်၊ အ​မ္မုန်​ပြည်၌​စီး​သော မြစ်၏​အ​နား​မှာ​ရှိ​သော ပေ​သော်​မြို့​နေ ဗော​ရ​သား​ဗာ​လမ်​ကို ခေါ်​ပင့်​ခြင်း​ငှာ၊ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ အဲ​ဂု​တ္တု​ပြည်​မှ​ရောက်​လာ​သော လူ​တစ်​မျိုး​သည် မြေ​မျက်​နှာ​ကို​ဖုံး​လွှမ်း​လျက် ငါ့​အ​နား၌​နေ​ရာ​ချ​ကြ​ပြီ။ သို့​ဖြစ်၍၊ ကြွ​လာ​ပါ။ ဤ​လူ​မျိုး​သည် ငါ့​ထက်​အား​ကြီး​သော​ကြောင့် သူ​တို့​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ။ သို့​ပြု​လျှင် သူ​တို့​ကို​ငါ​တိုက်၍ ငါ့​ပြည်​မှ​နှင်​ထုတ်​နိုင်​ကောင်း နှင်​ထုတ်​နိုင်​လိမ့်​မည်။ ကိုယ်​တော်​ကောင်း​ချီး​ပေး​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​သည် ကျိန်​ဆဲ​အပ်​သော​သူ ဖြစ်​သည်​ကို​လည်း​ကောင်း​ငါ​သိ​သည်​ဟု မှာ​လိုက်​လေ၏။ မော​ဘ​ပြည်​သား​အ​သက်​ကြီး​သူ​တို့​နှင့် မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​သည် ပြု​စား​ခြင်း​လက်​ဆောင်​ပါ​လျက် သွား၍၊ ဗာ​လမ်​ထံ​သို့​ရောက်​သော​အ​ခါ၊ ဗာ​လက်​မင်း​စ​ကား​ကို ကြား​လျှောက်​လေ၏။