YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 14:1-10

တောလည်ရာ 14:1-10 JBMLE

ထို​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ မြည်​တမ်း​သ​ဖြင့်၊ တစ်​ည​လုံး​ငို​ကြွေး​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်​သော​စ​ကား​နှင့် မြည်​တမ်း​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ မ​သေ​ပါ​လေ။ ဤ​တော၌ မ​သေ​ပါ​လေ။ ငါ​တို့​သည်​ဓား​ဖြင့်​သေ၍ သား​မ​ယား​တို့​သည် ရန်​သူ​လက်​သို့​ရောက်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​သည်​မ​ဟုတ်​လော​ဟု မော​ရှေ​နှင့် အာ​ရုန်​အား​ဆို​ပြီး​မှ၊ တစ်​ဖန် လူ​တစ်​စုံ​တစ်​ယောက်​ကို​ချီး​မြှောက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​ကြ​စို့​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​ကြ၏။ မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။ ခါ​နာန်​ပြည်​ကို စူး​စမ်း​သော​လူ​စု​ထဲ​က နုန်၏​သား​ယော​ရှု၊ ယေ​ဖု​န္နာ၏​သား​ကာ​လက်​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ခေါ်​လျက်၊ ငါ​တို့​လျှောက်​သွား၍ စူး​စမ်း​သော​ပြည်​သည် အ​လွန်​တ​ရာ​ကောင်း​သော​ပြည် ဖြစ်​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​နှစ်​သက်​လျှင်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ထို​ပြည်​သို့ ငါ​တို့​ကို​ဆောင်​သွင်း၍ အ​ပိုင်​ပေး​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပြည်​သူ​ပြည်​သား​တို့​ကို မ​ကြောက်​ကြ​နှင့်။ သူ​တို့​သည် ငါ​တို့​စား​စ​ရာ​ဖို့​ဖြစ်​ကြ၏။ သူ​တို့၌ အ​မှီ​တံ​ကဲ​မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်​ဟု ပြော​ဆို​ကြ​လေ​သော်။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​နှစ်​ယောက်​ကို ကျောက်​ခဲ​နှင့်​ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ထင်​ရှား​လေ၏။

​တောလည်ရာ 14:1-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။