ထာဝရဘုရားသည် မိုးတိမ်တိုင်ဖြင့်ဆင်းသက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ရပ်လျက်၊ အာရုန်နှင့် မိရိအံကိုခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။ ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသောရူပါရုံအားဖြင့် ကိုယ်ကိုပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သော ငါ့ကျွန်မောရှေသည် ထိုသို့မဟုတ်။ သူ၌ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကားအားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာဗျာဒိတ်ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဌာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူလျက်၊ အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွားတော်မူသဖြင့်၊
တောလည်ရာ 12 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တောလည်ရာ 12:5-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ