YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 9:1-5

နေဟမိ 9:1-5 JBMLE

ထို​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​စာ​ရှောင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ ကိုယ်၌ မြေ​မှုန့်​ကို​တင်​လျက် စည်း​ဝေး​ကြ၏။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​စစ်​ဖြစ်​သော သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ရှိ​သ​မျှ​တို့​နှင့် ကွာ၍၊ ကိုယ်​အ​ပြစ်​နှင့် ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကို ဖော်​ပြ​တောင်း​ပန်​ကြ၏။ မိ​မိ​တို့​နေ​ရာ၌ ရပ်​နေ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို နေ့​လေး​စု​တစ်​စု ဖတ်​ကြ၏။ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို နေ့​လေး​စု​တစ်​စု​ကို ကိုး​ကွယ်​ကြ၏။ ထို​အ​ခါ လေ​ဝိ​သား​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗု​န္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ၊ ခေ​န​နိ​တို့​သည် ပ​လ္လင်​ပေါ်​မှာ​ရပ်၍၊ သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။ တစ်​ဖန် လေ​ဝိ​သား ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော​ဒိ​ယ၊ ရှေ​ဗ​နိ၊ ပေ​သ​ဟိ​တို့​က ထ​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​ကြ​လော့။ ကောင်း​ချီး​ပေး​ခြင်း၊ ချီး​မွမ်း​ခြင်း​အ​မျိုး​မျိုး​ထက် ကြီး​မြင့်၍ ဘုန်း​ကြီး​သော ကိုယ်​တော်၏​နာ​မ​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။