YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 4:1-6

နေဟမိ 4:1-6 JBMLE

ထို​သို့ ငါ​တို့​သည် မြို့​ရိုး​တည်​ကြောင်း​ကို၊ သ​မ္ဘာ​လတ်​သည် သ​တင်း​ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​အ​မျက်​ထွက်၍၊ ယု​ဒ​လူ​တို့​ကို ပြက်​ရယ်​ပြု​လျက်၊ အား​မ​ရှိ​သော ထို​ယု​ဒ​လူ​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ကိုယ်​ကို ခိုင်​ခံ့​စေ​မည်​လော။ ယဇ်​ပူ​ဇော်​မည်​လော။ တစ်​နေ့​ချင်း​တွင် လက်​စ​သတ်​မည်​လော။ ကျွမ်း​လောင်​သော ကျောက်​တို့​ကို အ​မှိုက်​ပုံ​များ​ထဲ​က​ထုတ်၍ ပြု​ပြင်​မည်​လော​ဟု မိ​မိ​အ​မျိုး​သား​ချင်း၊ ရှ​မာ​ရိ တပ်​သား​ရှေ့​မှာ ပြော​ဆို၏။ သူ့​အ​နား​မှာ​ရှိ​သော အ​မ္မုန်​အ​မျိုး​သား တော​ဘိ​က​လည်း၊ သူ​တို့​တည်​သော ကျောက်​ရိုး​ကို တော​ခွေး​ထိ​ခိုက်​လျှင် ပြို​လဲ​လိမ့်​မည်​ဟု ပြန်​ပြော၏။ အို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​ပါ၏။ သူ​တို့​ကဲ့​ရဲ့​သော​စ​ကား​သည်၊ သူ​တို့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​ပါ​စေ​သော။ သိမ်း​သွား​ခြင်း​ကို ခံ​ရာ​ပြည်၌ လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။ သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကို ဖုံး​အုပ်​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်၌ သူ​တို့​အ​ပြစ် မ​ပြေ​ပါ​စေ​နှင့်။ မြို့​ရိုး​ကို​တည်​သော သူ​တို့၏​စိတ်​ကို နာ​စေ​ခြင်း​ငှာ၊ ပြော​တတ်​ကြ​ပါ​သည်​တ​ကား။ သို့​ရာ​တွင် ငါ​တို့​သည် မြို့​ရိုး​ကို​တည်​ကြ၏။ တည်​လုပ်​သော သူ​တို့​သည် စေ​တ​နာ​ကြီး​သော​ကြောင့်၊ မြို့​ပတ်​လည် မြို့​ရိုး​အ​မြင့် တစ်​ဝက်​တိုင်​အောင် ပြီး​လေ၏။