YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 3:6-12

နေဟမိ 3:6-12 JBMLE

တံ​ခါး​ဟောင်း​ကို​ကား၊ ပါ​သာ​သား ယော​ယ​ဒ၊ ဗေ​သော​ဒေ​ယ​သား မေ​ရှု​လံ​ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။ သူ​တို့​နောက်​မှ၊ ဂိ​ဗောင်​မြို့​သား မေ​လ​တိ၊ မေ​ရော​နုတ်​မြို့​သား ယာ​ဒုန်၊ ဂိ​ဗောင်​လူ၊ မိ​ဇ​ပါ​လူ​တို့​သည် မြစ်​အ​နောက်​ဘက် မြို့​ဝန်​ရာ​ဇ​ပ​လ္လင်​တိုင်​အောင် ပြင်​ကြ၏။ သူ​တို့​နောက်​မှ ဟာ​ဟာ​ယ​သား ပန်း​ထိမ်​သ​မား​ဩ​ဇေ​လ၊ သူ့​နောက်​မှ၊ ဆေး​သ​မား ဟာ​န​နိ​ပြင်​လျက်၊ ကျယ်​သော​မြို့​ရိုး​တိုင်​အောင်၊ ယေ​ရု​ရှ​လင်​မြို့​ကို ခိုင်​ခံ့​စေ​ကြ၏။ သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟု​ရ​သား ရေ​ဖာ​ယ​ပြင်၏။ သူ့​နောက်​မှ၊ ဟာ​ရု​မပ်​သား ယေ​ဒါ​ယ​သည် မိ​မိ​အိမ်​တစ်​ဖက်​တစ်​ချက်၌ ပြင်၏။ သူ့​နောက်​မှ၊ ဟာ​ရှ​ဗ​နိ​သား ဟ​တ္တုတ်​ပြင်၏။ ကျန်​ကြွင်း​သော​အ​ရပ်​နှင့် မီး​ဖို​ပြ​အိုး​ကို​ကား၊ ဟာ​ရိမ်​သား မာ​လ​ခိ​ယ​နှင့်၊ ပါ​ဟတ်​မော​ဘ​သား ဟာ​ရှုတ်​တို့​သည် ပြင်​ကြ၏။ သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟာ​လော​ဟတ်​သား ရှ​လ္လုံ​နှင့် သူ၏​သ​မီး​တို့​သည် ပြင်​ကြ၏။