ထိုနေ့ရက်ကာလ၌ မောရှေ၏ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဖတ်ရွတ်သောအခါ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင်၏ ပရိသတ်တော်ထဲသို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှာ မကြိုဆို၊ ကျိန်ဆဲစေခြင်းငှာ ဗာလံကိုငှားကြ၏။ သို့ရာတွင် ငါတို့၏ ဘုရားသခင်သည် ကျိန်ဆဲသောစကားကို ကောင်းချီးပေးသော စကားဖြစ်စေတော်မူ၏။ ထိုတရားကို ကြားသောအခါ၊ အမျိုးမစစ်သောသူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ၏။ အရင်တစ်ခါ ငါတို့ဘုရားသခင်၏ အိမ်တော်ပြင်ခန်းကို အုပ်သော ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် တောဘိနှင့် ပေါက်ဖော်တော်သည် ဖြစ်၍၊ ဘောဇဉ်ပူဇော်သကာ၊ နံ့သာပေါင်း၊ တန်ဆာမျိုးကိုလည်းကောင်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အား လှူရသော အလှူတို့ကိုလည်းကောင်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဖို့ ပြင်ဆင်၏။ ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ်နန်းစံ သုံးဆယ်နှစ်နှစ်တွင် အထံတော်သို့ သွားရ၏။ အင်တန်ကာလ ကြာပြီးမှ၊ ရှင်ဘုရင်ထံတော်၌ အခွင့်ရ၍၊
နေဟမိ 13 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: နေဟမိ 13:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ