YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 1:4-7

နေဟမိ 1:4-7 JBMLE

ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​သည်​ထိုင်၍ အင်​တန်​ကာ​လ​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​လျက်၊ အ​စာ​ရှောင်​လျက်​နေ၍၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဆု​တောင်း​သော​ပ​တ္ထ​နာ ဟူ​မူ​ကား၊ အို​ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ ပ​ညတ်​တော်​တို့​ကို နှစ်​သက်၍ ကျင့်​စောင့်​သော သူ​တို့​နှင့်​ဖွဲ့​သော က​ရု​ဏာ​ပ​ဋိ​ညာဉ်​ကို မ​ဖျက်၊ တည်​စေ​တော်​မူ​သော ဘု​ရား၊ ကိုယ်​တော်​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​ဆု​တောင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သော အ​ပြစ်​များ​ကို ဖော်​ပြ၍ တောင်း​ပန်​သော ကိုယ်​တော်​ကျွန်၏ ပ​တ္ထ​နာ​စ​ကား​ကို ကြား​ခြင်း​ငှာ၊ ယ​ခု​နား​ထောင်၍ စေ့​စေ့​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​တို့​သည် ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား၍၊ အ​လွန်​ဆိုး​ညစ်​သော အ​မှု​တို့​ကို ပြု​မိ​ပါ​ပြီ။ ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော ပ​ညတ်​တ​ရား၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို မ​စောင့်​ဘဲ​နေ​ပါ​ပြီ။