YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 1:1-3

နေဟမိ 1:1-3 JBMLE

ဟာ​ခ​လိ​သား နေ​ဟ​မိ​စ​ကား​ဟူ​မူ​ကား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ ခိ​သ​လု​လ​တွင်၊ ငါ​သည် ရှု​ရှန်​နန်း​တော်၌ ရှိ​နေ​စဉ်၊ ငါ့​ညီ ဟာ​နန်​နှင့် ယု​ဒ​လူ​အ​ချို့​တို့​သည် ရောက်​လာ၍၊ ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​လူ​စု​ထဲ​က လွတ်​သော​သူ​တို့၏ အ​ကြောင်း​အ​ရာ​နှင့်၊ ယေ​ရု​ရှ​လင်​မြို့၏ အ​ကြောင်း​အ​ရာ​ကို​မေး​မြန်း​လျှင်၊ သူ​တို့​က၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု​ထဲ​က လွတ်၍၊ ထို​ပြည်၌ နေ​သော​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ပြီ​ဟု ပြန်​ပြော​ကြ၏။