YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 9:1-29

ရှင်မာကု 9:1-29 JBMLE

ငါ​အ​မှန်​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် တန်​ခိုး​နှင့်​တ​ကွ တည်​ကြောင်း​ကို ဤ​အ​ရပ်၌ ရှိ​သော​သူ အ​ချို့​တို့​သည် မ​မြင်​မီ​သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။ ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို ခေါ်၍၊ အ​ခြား​သူ​မ​ပါ​ဘဲ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။ သူ​တို့​ရှေ့၌ ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊- အ​ဝတ်​တော်​လည်း ပြောင်​လက်​လျက်၊ ဤ​မြေ​ပေါ်၌ အ​ဘယ်​ခ​ဝါ​သည်​မျှ မ​တတ်​နိုင်​အောင် မိုး​ပွင့်​ကဲ့​သို့ အ​လွန်​ဖြူ​လျက်​ရှိ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ယေ​ရှု​နှင့်​အ​တူ စ​ကား​ပြော​လျက်​ရှိ၏။- ထို​အ​ခါ ပေ​တ​ရု​က အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့​တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု လျှောက်​လေ၏။- တ​ပည့်​တော်​တို့​သည် အ​လွန်​ကြောက်​သော​ကြောင့် ပေ​တ​ရု​သည် ယောင်​ယမ်း၍ ထို​သို့​လျှောက်​သ​တည်း။- ထို​အ​ခါ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။- ထို​ခ​ဏ​ချင်း​တွင် တ​ပည့်​တော်​တို့​သည် ပတ်​လည်​သို့​ကြည့်​ရှု​လျှင်၊ မိ​မိ​တို့​နှင့်​အ​တူ ယေ​ရှု​တစ်​ယောက်​တည်း​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​မြင်​ကြ။ တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင် သင်​တို့ ယ​ခု​မြင်​သော​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို မှတ်​မိ၍ သေ​ခြင်း​မှ ထ​မြောက်​ခြင်း​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း ဆွေး​နွေး​မေး​မြန်း​ကြ၏။- ထို​အ​ခါ တ​ပည့်​တော်​တို့​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။ လူ​သား​သည်​လည်း အ​လွန်​ဆင်း​ရဲ၍ ကဲ့​ရဲ့​ပယ်​ထား​ခြင်း​ကို ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ၏။- ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ​သည် ရောက်​လေ​ပြီ။ သူ၏​အ​ကြောင်း​ကို ကျမ်း​စာ၌​ရေး​ထား​သည်​အ​တိုင်း လူ​များ​သည် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ရောက်​တော်​မူ​သော​အ​ခါ များ​စွာ​သော လူ​အ​စု​အ​ဝေး​သည် သူ​တို့​ကို​ဝိုင်း​လျက်၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​ကြ​သည်​ကို မြင်​တော်​မူ၏။- စု​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း အံ့​ဩ​မိန်း​မော​ခြင်း​ရှိ​လျက် အ​ထံ​တော်​သို့ ပြေး၍ နှုတ်​ဆက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် သူ​တို့​နှင့် အ​ဘယ်​သို့ ဆွေး​နွေး​မေး​မြန်း​ကြ​သ​နည်း​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​ကို မေး​တော်​မူ​လျှင်၊- လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။- နတ်​သည် ဖမ်း​စား​လေ​ရာ​ရာ၌ သူ့​ကို​မြေ​ပေါ်​မှာ လှဲ၍၊ သူ​သည်​လည်း ခံ​တွင်း​မှ အ​မြှုပ်​ထွက်​လျက်၊ အံ​သွား​ခဲ​ကြိတ်​လျက်၊ ပိန်​ခြောက်​လျက် နေ​ရ​ပါ၏။ ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​လျှောက်၍ သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု လျှောက်​သော်၊- ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊- ယူ​ခဲ့​ကြ၏။ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း သူ​ငယ်​ကို တောင့်​မာ​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​မှာ​လဲ၍ အ​မြှုပ်​ထွက်​လျက် ကိုယ်​ကို လှိမ့်​လျက်​နေ၏။- ကိုယ်​တော်​က​လည်း၊ ဤ​သို့​ဖြစ်​သည်​ကား၊ အ​ဘယ်​မျှ​လောက် ကြာ​ပြီ​နည်း​ဟု သူ​ငယ်၏​အ​ဘ​အား မေး​တော်​မူ​လျှင်၊ အ​ဘ​က၊ ငယ်​သော အ​ရွယ်​က​ပင် ဖြစ်​ပါ၏။- သူ​ငယ်​ကို သေ​စေ​ခြင်း​ငှာ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​စေ​တတ်၏။ သို့​သော်​လည်း ကိုယ်​တော်​သည် တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​ကို သ​နား၍ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။- သူ​ငယ်၏​အ​ဘ​သည် ချက်​ချင်း​ဟစ်​ကြော်၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏ သ​ခင်။ မ​ယုံ​ကြည်​သည်​ကို မ​စ​တော်​မူ​ပါ​ဟု မျက်​ရည်​နှင့် လျှောက်​ပြန်​လေ၏။- ထို​အ​ခါ လူ​များ​တို့​သည် စု​ဝေး​လျက် ပြေး​လာ​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​လျှင်၊ နား​ပင်း၍ စ​ကား​အ​သော​နတ်၊ သူ​ငယ်​မှ​ထွက်​လော့၊ နောက်​တစ်​ဖန်​မ​ဝင်​နှင့် ငါ​အ​မိန့်​ရှိ၏​ဟု ထို​ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ မိန့်​တော်​မူ​သ​ဖြင့်၊- နတ်​သည် အော်​ဟစ်၍ အ​လွန်​တောင့်​မာ​စေ​ပြီး​မှ ထွက်​သွား၏။ သူ​ငယ်​သည် သေ​သ​ကဲ့​သို့​ဖြစ်၏။ သေ​ပြီ​ဟု လူ​များ​ဆို​ကြ၏။- ယေ​ရှု​သည် သူ၏​လက်​ကို​ကိုင်၍ ချီ​ကြွ​တော်​မူ​သ​ဖြင့် သူ​သည်​ထ​လေ၏။ အိမ်​သို့ ဝင်​တော်​မူ​ပြီး​မှ တ​ပည့်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း​ဟု တိတ်​ဆိတ်​စွာ မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့် ထို​နတ်​မျိုး​သည် မ​ထွက်​နိုင်​ဟု မိန့်​တော်​မူ၏။

​ရှင်မာကု 9:1-29 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။