YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 8:5-10

ရှင်မာကု 8:5-10 JBMLE

ကိုယ်​တော်​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်​ဟု လျှောက်​ကြ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။ မုန့်​ခု​နစ်​လုံး​ကို​လည်း ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် ထည့်​ကြ၏။- အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး​လည်း ရှိ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ လူ​လေး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ ထို​သူ​တို့​ကို လွှတ်​တော်​မူ​ပြီး​မှ၊- တ​ပည့်​တော်​တို့​နှင့်​တ​ကွ လှေ​ထဲ​သို့ ချက်​ချင်း​ဝင်၍၊ ဒါ​လ​မ​နု​သ​ကျေး​လက်​သို့ ရောက်​တော်​မူ၏။