YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 7:31-35

ရှင်မာကု 7:31-35 JBMLE

တစ်​ဖန် ကိုယ်​တော်​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​မှ​ထွက်၍ ဒေ​ကာ​ပေါ​လိ​ပြည်​နယ်​ကို လျှောက်​သွား​သ​ဖြင့်၊ ဂါ​လိ​လဲ​အိုင်​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ နား​ပင်း၍ စ​ကား​အ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ သူ့​အ​ပေါ်​မှာ လက်​တော်​ကို တင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​ကို လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍၊ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ လက်​ညှိုး​တော်​ကို သူ၏​နား​ပေါက်၌ သွင်း​တော်​မူ၏။ တံ​တွေး​နှင့် ထွေး၍ သူ၏​လျှာ​ကို​လည်း တို့​တော်​မူ၏။- ထို​နောက် ကောင်း​ကင်​သို့ ကြည့်​မျှော်၍ ညည်း​တွား​သံ​ကို​ပြု​လျက်၊ ဧ​ဖ​သ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ ပွင့်​စေ​ဟု ဆို​လို​သ​တည်း။- ထို​ခ​ဏ​ချင်း​တွင် သူ​သည် နား​ပွင့်​ခြင်း၊ လျှာ​ကြော​လွတ်​ခြင်း​ရှိ​သ​ဖြင့် စ​ကား​ပြီ​ပြီ​ပြော​နိုင်၏။

ရှင်မာကု 7:31-35 အကြောင်း ဗီဒီယိုများ