YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 7:14-37

ရှင်မာကု 7:14-37 JBMLE

ထို​အ​ခါ လူ​အ​စု​အ​ဝေး​အ​ပေါင်း​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့​ရှိ​သ​မျှ​သည် နား​ထောင်​နား​လည်​ကြ​လော့။- လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့​ဝင်​လျက်၊ လူ​ကို ညစ်​ညူး​စေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ လူ​အ​တွင်း​မှ ထွက်​သော​အ​ရာ​သည် လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။- လူ​အ​စု​အ​ဝေး​ရှိ​ရာ​မှ ကြွ၍ အိမ်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​သည် ထို​ဥ​ပ​မာ​ကို မေး​မြန်း​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ဤ​မျှ​လောက် ပ​ညာ​မဲ့​လျက် နေ​သ​လော။ လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့ ဝင်​သ​မျှ​သည် နှ​လုံး​ထဲ​သို့​မ​ဝင်။- ဝမ်း​ထဲ​သို့​ဝင်၍ အ​စာ​ရှိ​သ​မျှ​ကို သန့်​ရှင်း​စေ​သ​ဖြင့် ရေ​အိမ်​တွင် ဆင်း​သွား​သော​ကြောင့်၊ လူ​ကို မ​ညစ်​ညူး​စေ​နိုင်​သည်​ကို နား​မ​လည်​ကြ​သ​လော။- လူ​အ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- လူ​အ​တွင်း​နှ​လုံး​ထဲ​က မ​ကောင်း​သော ကြံ​စည်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊- သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊- ဤ​ဆိုး​ညစ်​သော အ​ရာ​များ​တို့​သည် အ​တွင်း​မှ​ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​ကြ​သည်​ဟု မိန့်​တော်​မူ၏။ ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထ၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​ပြီး​လျှင် အိမ်​သို့​ဝင်၍ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​သော်​လည်း ပုန်း​ရှောင်၍ နေ​တော်​မ​မူ​နိုင်။- အ​ကြောင်း​မူ​ကား၊ ညစ်​ညူး​သော​နတ်​စွဲ​သော မိန်း​မ​ငယ်၏ အ​မိ​သည် သ​တင်း​တော်​ကို ကြား​သ​ဖြင့်၊ လာ၍​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊- မိ​မိ​သ​မီး​ထဲ​က နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။ ထို​မိန်း​မ​ကား၊ ဟေ​လ​သ​အ​မျိုး၊ ရှု​ရိ​ဖိ​နိတ်​ပြည်​သူ ဖြစ်​သ​တည်း။- ယေ​ရှု​က​လည်း၊ ရှေ့​ဦး​စွာ သား​များ​ကို ဝ​စွာ​ကျွေး​ပါ​ရ​စေ။ သား၏​အ​စာ​ကို​ယူ၍ ခွေး​အား​မ​ပေး​မ​ချ​အပ်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း မှန်​ပါ၏​သ​ခင်။ ခွေး​မည်​သည်​ကား၊ သား​တို့၏ စား​နုပ်​စား​ပေါက်​ကို စား​ပွဲ​အောက်၌ စား​မြဲ​ထုံး​စံ​ရှိ​ပါ​သည်​ဟု ပြန်၍ လျှောက်​လျှင်၊- ကိုယ်​တော်​က၊ ထို​စ​ကား​ကြောင့် သင်​သွား​လော့။ နတ်​ဆိုး​သည် သင်၏​သ​မီး​ထဲ​မှ ထွက်​သွား​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​သည် မိ​မိ​အိမ်​သို့​ပြန်၍ နတ်​ဆိုး ထွက်​သွား​သည်​ကို​လည်း​ကောင်း၊ သ​မီး​သည် အိပ်​ရာ၌ အိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း တွေ့၏။ တစ်​ဖန် ကိုယ်​တော်​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​မှ​ထွက်၍ ဒေ​ကာ​ပေါ​လိ​ပြည်​နယ်​ကို လျှောက်​သွား​သ​ဖြင့်၊ ဂါ​လိ​လဲ​အိုင်​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ နား​ပင်း၍ စ​ကား​အ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ သူ့​အ​ပေါ်​မှာ လက်​တော်​ကို တင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​ကို လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍၊ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ လက်​ညှိုး​တော်​ကို သူ၏​နား​ပေါက်၌ သွင်း​တော်​မူ၏။ တံ​တွေး​နှင့် ထွေး၍ သူ၏​လျှာ​ကို​လည်း တို့​တော်​မူ၏။- ထို​နောက် ကောင်း​ကင်​သို့ ကြည့်​မျှော်၍ ညည်း​တွား​သံ​ကို​ပြု​လျက်၊ ဧ​ဖ​သ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ ပွင့်​စေ​ဟု ဆို​လို​သ​တည်း။- ထို​ခ​ဏ​ချင်း​တွင် သူ​သည် နား​ပွင့်​ခြင်း၊ လျှာ​ကြော​လွတ်​ခြင်း​ရှိ​သ​ဖြင့် စ​ကား​ပြီ​ပြီ​ပြော​နိုင်၏။- ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ပ​ညတ်​တော်​မူ၏။ ပ​ညတ်​တော်​မူ​သော်​လည်း သူ​တို့​သည် သာ၍ အ​လွန်​သ​တင်း ကြား​ပြော​ကြ၏။- အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ သူ​သည် အ​လုံး​စုံ​တို့​ကို လျောက်​ပတ်​စွာ ပြု​တော်​မူ​ပြီ။ နား​ပင်း​သော​သူ​တို့​ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စ​ကား​ပြော​စေ​တော်​မူ​ပြီ​ဟု ဆို​ကြ၏။

ရှင်မာကု 7:14-37 အကြောင်း ဗီဒီယိုများ