YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 5:21-24

ရှင်မာကု 5:21-24 JBMLE

ယေ​ရှု​သည် ကမ်း​တစ်​ဖက်​သို့​ကူး​ပြန်၍ အိုင်​နား​မှာ ရှိ​တော်​မူ​စဉ်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ၏။- ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ကိုယ်​တော်​ကို​မြင်​လျှင်၊ ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏ သ​မီး​ငယ်​သေ​လု​ပါ​ပြီ။- သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။- ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​သွား၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ခြံ​ရံ​လျက် ထိ​ခိုက်​တိုက်​မိ​ကြ၏။

ရှင်မာကု 5:21-24 အကြောင်း ဗီဒီယိုများ