YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 4:38-41

ရှင်မာကု 4:38-41 JBMLE

ကိုယ်​တော်​သည် ပဲ့၌ ခေါင်း​အုံး​ပေါ်​မှာ ကျိန်း​စက်၍ နေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို နှိုး​ပြီး​မှ၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ သ​လော​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် ကြောက်​တတ်​သ​နည်း။ အ​ဘယ်​ကြောင့် ယုံ​ကြည်​ခြင်း​စိတ်​နှင့် ကင်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

ရှင်မာကု 4:38-41 အကြောင်း ဗီဒီယိုများ