YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 3:7-19

ရှင်မာကု 3:7-19 JBMLE

ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ အိုင်​နား​သို့ ပြောင်း​ကြွ​တော်​မူ၍၊ ဂါ​လိ​လဲ​ပြည်၊- ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဣ​ဒု​မဲ​ပြည်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​နှင့် တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​သည် ပြု​တော်​မူ​သ​မျှ​ကို ကြား​လျှင် အ​ထံ​တော်​သို့ လာ​ကြ၏။- လူ​များ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍ မ​ထိ​ခိုက်​စေ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ အ​နီး​အ​ပါး​တွင် လှေ​တစ်​စင်း​ကို အ​မြဲ​ရှိ​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား အ​မိန့်​တော်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။- ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို မြင်​သော​အ​ခါ ပျပ်​ဝပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ဟု ဟစ်​ကြော်​ကြ၏။- သ​တင်း​တော်​ကို မ​ပွင့်​စေ​မည်​အ​ကြောင်း သူ​တို့​အား ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။ ထို​အ​ခါ ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်၍ အ​လို​တော်​ရှိ​သော​သူ​တို့​ကို ခေါ်​တော်​မူ​လျှင်၊ အ​ထံ​တော်​သို့ လာ​ကြ၏။- ကိုယ်​တော်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တ​ရား​ဟော​သော​အ​ခွင့်၊ အ​နာ​ရော​ဂါ​တို့​ကို ငြိမ်း​စေ၍၊- နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နိုင်​သော​အ​ခွင့်​နှင့် စေ​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ကျိပ်​နှစ်​ပါး​သော သူ​တည်း​ဟူ​သော၊- ပေ​တ​ရု​အ​မည်​သစ်​ကို ပေး​တော်​မူ​သော​ရှိ​မုန်၊- မိုး​ကြိုး​သား​ဟု ဆို​လို​သော ဗော​နေ​ရ​ဂက် အ​မည်​သစ်​ကို ပေး​တော်​မူ​သော ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့် ယော​ဟန်၊- အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ ဗာ​သော​လ​မဲ၊ မဿဲ၊ သော​မ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ သ​ဒ္ဒဲ၊ ကာ​န​နိတ်​လူ​ရှိ​မုန်၊- ကိုယ်​တော်​ကို အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​တို့​ကို ခန့်​ထား​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။