YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 16:16-20

ရှင်မာကု 16:16-20 JBMLE

ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။- ယုံ​ကြည်​သော​သူ​တို့၌ ဖြစ်​အံ့​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ကြ​လ​တ္တံ့။ ထူး​ခြား​သော ဘာ​သာ​စ​ကား​မျိုး​တို့​ကို ပြော​ကြ​လ​တ္တံ့။- မြွေ​တို့​ကို ဖမ်း​ကိုင်​ကြ​လ​တ္တံ့။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​ကို သောက်​စား​လျှင် ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​ကြ​လ​တ္တံ့။ မ​ကျန်း​မ​မာ​သော သူ​တို့​အ​ပေါ်​မှာ လက်​ကို​တင်၍ ချမ်း​သာ​ပေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ထို​သို့ သ​ခင်​ဘု​ရား​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ထိုင်​နေ​တော်​မူ၏။- တ​ပည့်​တော်​တို့​သည်​လည်း ထွက်​သွား၍၊ သ​ခင်​ဘု​ရား​သည် မ​စ​တော်​မူ​သည်​နှင့်​လည်း​ကောင်း၊ သူ​တို့၌​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​အား​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို တည်​စေ​တော်​မူ​သည်​နှင့်​လည်း​ကောင်း ခပ်​သိမ်း​သော​အ​ရပ်​တို့၌ တ​ရား​ဟော​ကြ၏။ ရှင်​မာ​ကု​ခ​ရစ်​ဝင်​ပြီး၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။