ရှင်မာကု 15:39-41
ရှင်မာကု 15:39-41 JBMLE
ထိုသို့ ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟု ဆို၏။- မိန်းမအချို့တို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။- ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အကျွေးလိုက်သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့် ယောသေ၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှလင်မြို့သို့ လိုက်လာသော အခြားမိန်းမများလည်း ပါကြသတည်း။


