YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 15

15
ပိ​လတ်​မင်း​ထံ​သို့
(မ၊ ၂၇:၁-၂၊ ၁၁-၁၄။ လု၊ ၂၃:၁-၅။ ယော၊ ၁၈:၂၈-၃၈)
1နံ​နက်​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​ဆိုင်း​မ​လင့်​ဘဲ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ခြင်း​ကို​ပြု၍၊ ယေ​ရှု​ကို​ချည်​နှောင်​ပြီး​လျှင်၊ ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။- 2ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု ကိုယ်​တော်​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။- 3ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် များ​စွာ​သော​အ​ပြစ်​ကို တင်​ကြ၏။- 4တစ်​ဖန် ပိ​လတ်​မင်း​က၊ သင်​သည် တစ်​ခွန်း​ကို​မျှ​ပြန်၍ မ​ပြော​သ​လော။ သင့်​တစ်​ဖက်၌ အ​ဘယ်​မျှ​လောက် သက်​သေ​ခံ​ကြ​သည်​ကို ကြည့်​ပါ​ဟု မေး​မြန်း​ပြော​ဆို​သော်​လည်း၊- 5စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​တော်​မ​မူ​သည်​ကို ပိ​လတ်​မင်း​သည် အံ့​ဩ​လေ၏။
ယေ​ရှု​ကို​သေ​ဒဏ်​စီ​ရင်​ခြင်း
(မ၊ ၂၇:၁၅-၂၆။ လု၊ ၂၃:၁၃-၂၅။ ယော၊ ၁၈:၃၉-၁၉:၁၆)
6ထို​ပွဲ၌ မြို့​ဝန်​မင်း​သည် အ​ကျဉ်း​ထား​သော​သူ​တို့​တွင်၊ လူ​များ​တောင်း​သော သူ​တစ်​ယောက်​ယောက်​ကို လွှတ်​တတ်၏။- 7ထို​အ​ခါ ပုန်​ကန်၍ လူ​အ​သက်​ကို​သတ်​သော အ​ပြစ်​သင့်​သော ဗာ​ရ​ဗ္ဗ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်၊ ပုန်​ကန်​သော အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ အ​ကျဉ်း​ခံ​လျက်​ရှိ၏။- 8လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​အား ပြု​မြဲ​ပြု​ပါ​မည်​အ​ကြောင်း အော်​ဟစ်၍ တောင်း​ပန်​သော​အ​ခါ၊- 9ပိ​လတ်​မင်း​က၊ သင်​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို လွှတ်​စေ​ချင်​သ​လော​ဟု ပြန်၍​မေး၏။- 10အ​ဘယ်​ကြောင့် ဤ​သို့​မေး​သ​နည်း ဟူ​မူ​ကား၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​နာ​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​အပ်​နှံ​ကြောင်း​ကို သိ၏။- 11ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​မ​လွှတ်၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် လူ​အ​စု​အ​ဝေး​ကို နှိုး​ဆော်​ကြ၏။- 12တစ်​ဖန်​ပိ​လတ်​မင်း​က၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု သင်​တို့​ခေါ်​ဝေါ်​သော​သူ​ကို အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊- 13ထို​သူ​အ​ပေါင်း​တို့​က၊ သူ့​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု ဟစ်​ကြ၏။- 14ပိ​လတ်​မင်း​က​လည်း၊ အ​ဘယ်​ကြောင့်​နည်း၊ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​တို့​သည် သာ၍ ဟစ်​ကြ၏။- 15ပိ​လတ်​မင်း​သည်​လည်း လူ​များ​တို့၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လို​ရှိ၍၊ ဗာ​ရ​ဗ္ဗ​ကို သူ​တို့​အား လွှတ်​လေ၏။ ယေ​ရှု​ကို​ကား၊ ရိုက်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ သတ်​စေ​ခြင်း​ငှာ အပ်​လိုက်​လေ၏။
ကိုယ်​တော်​ကို​ပြက်​ရယ်​ပြု​ခြင်း
(မ၊ ၂၇:၂၇-၃၁။ ယော၊ ၁၉:၂-၃)
16ထို​အ​ခါ စစ်​သူ​ရဲ​တို့​သည် ကိုယ်​တော်​ကို ပြဲ​တော​ရိ​ရုံး​တည်း​ဟူ​သော အိမ်​တော်​ဦး​အ​တွင်း​သို့ ဆောင်​သွား၍၊ စစ်​သူ​ရဲ​တစ်​တပ်​လုံး​ကို စု​ရုံး​စေ​ပြီး​မှ၊ ကိုယ်​တော်​အား နီ​မောင်း​သော​အ​ဝတ်​ကို ဝတ်​စေ၍၊- 17ဆူး​ပင်​နှင့် ရက်​သော ဦး​ရစ်​ကို တင်​ပြီး​လျှင်၊- 18ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကောင်း​ချီး​စ​ကား​ကို ပြော​ကြ၏။- 19ခေါင်း​တော်​ကို ကျူ​လုံး​နှင့် ရိုက်​ခြင်း၊ တံ​တွေး​နှင့်​ထွေး​ခြင်း၊ ရှေ့​တော်​မှာ ဒူး​ထောက်၍ ပျပ်​ဝပ်​ခြင်း​ကို​လည်း ပြု​ကြ၏။- 20ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ နီ​မောင်း​သော​အ​ဝတ်​ကို ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။
လက်​ဝါး​ကပ်​တိုင်​တွင်တင်​သတ်​ခြင်း
(မ၊ ၂၇:၃၂-၄၄။ လု၊ ၂၃:၂၆-၄၃။ ယော၊ ၁၉:၁၇-၂၇)
21အာ​လေ​ဇ​န္ဒြု​နှင့် ရု​ဖု၏​အ​ဘ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည်၊ တော​ရွာ​မှ လာ၍ လမ်း၌​သွား​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-#ရော၊ ၁၆:၁၃။ 22ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု ဆို​လို​သော ဂေါ​လ​ဂေါ​သ အ​ရပ်​သို့ ကိုယ်​တော်​ကို ဆောင်​သွား​ပြီး​မှ၊- 23မု​ရန်​နှင့် ရော​သော စ​ပျစ်​ရည်​ကို၊ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျှင် မ​ခံ​ဘဲ​နေ​တော်​မူ၏။- 24လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင်၊ အ​ဝတ်​တော်​ကို စာ​ရေး​တံ​ချ၍ အ​သီး​အ​သီး​တို့​အား ဝေ​ဖန်​ကြ၏။-#ဆာ၊ ၂၂:၁၈။ 25ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ကြ​သော​အ​ချိန်​ကား၊ နံ​နက်​တစ်​ချက်​တီး​အ​ချိန် ဖြစ်​သ​တည်း။ 26အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက် ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု ရေး​ထား​သ​တည်း။- 27ကိုယ်​တော်​နှင့်​တ​ကွ ဓား​ပြ​နှစ်​ယောက်​တို့​ကို လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။- 28ထို​သို့ မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်​သည်​ဟု​ဆို​သော ကျမ်း​စာ​ချက်​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။#ဟေ​ရှာ၊ ၅၃:၁၂။
29လမ်း​မှာ​သွားလာ​သော သူ​တို့​က​လည်း၊ ဟဲ့၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊-#ဆာ၊ ၂၂:၇၊ ၁၀၉:၂၅။ မာ၊ ၁၄:၅၈။ ယော၊ ၂:၁၉။ 30ကိုယ်​ကို​ကိုယ် ကယ်​တင်​လော့။ လက်​ဝါး​ကပ်​တိုင်​မှ ဆင်း​လော့​ဟု မိ​မိ​တို့​ခေါင်း​ကို​ညိတ်၍ ကဲ့​ရဲ့​သော​စ​ကား​နှင့် ပြော​ဆို​ကြ၏။- 31ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။- 32ငါ​တို့​မြင်၍ ယုံ​ကြည်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တည်း​ဟူ​သော ခ​ရစ်​တော်​သည် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ​ဟု အ​ချင်း​ချင်း​ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​တို့​သည်​လည်း ကဲ့​ရဲ့​ပြစ်​တင်​ကြ၏။
ကိုယ်​တော်​အ​သက်​ချုပ်​ခြင်း
(မ၊ ၂၇:၄၅-၅၆။ လု၊ ၂၃:၄၄-၄၉။ ယော၊ ၁၉:၂၈-၃၀)
33မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။- 34သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။-#ဆာ၊ ၂၂:၁။ 35အ​နား၌​ရပ်​နေ​သော သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည်​ဧ​လိ​ယ​ကို ခေါ်​သည်​ဟု ဆို​ကြ၏။- 36လူ​တစ်​ယောက်​သည် ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျက်၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ချ​ယူ​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို၏။-#ဆာ၊ ၆၉:၂၁။ 37ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ၏။
38ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။-#ထွ၊ ၂၆:၃၁-၃၃။ 39ထို​သို့ ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ​ကြောင်း​ကို ရှေ့​တော်၌​ရပ်​နေ​သော တပ်​မှူး​သည် မြင်​လျှင်၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပေ၏​ဟု ဆို၏။- 40မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။- 41ထို​မိန်း​မ​တို့​တွင် ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​မှာ ရှိ​တော်​မူ​စဉ်၊ နောက်​တော်​သို့ အ​လုပ်​အ​ကျွေး​လိုက်​သော မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​မှ​စ၍ နောက်​တော်၌ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​လာ​သော အ​ခြား​မိန်း​မ​များ​လည်း ပါ​ကြ​သ​တည်း။#လု၊ ၈:၂-၃။
ယေ​ရှု​ကို​သင်္ဂြိုဟ်​ခြင်း
(မ၊ ၂၇:၅၇-၆၁။ လု၊ ၂၃:၅၀-၅၆။ ယော၊ ၁၉:၃၈-၄၂)
42ထို​နေ့​ကား အ​ဖိတ်​နေ့​တည်း​ဟူ​သော ပ​ရ​က္ကု​နေ့ ဖြစ်​သော​ကြောင့် ည​အ​ချိန်​ရောက်​မှ၊- 43အ​သ​ရေ​ရှိ​သော လွှတ်​အ​ရာ​ရှိ၊ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​သည်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော​သူ ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့ ရဲ​ရင့်​စွာ​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။- 44ယေ​ရှု​သည် ယ​ခု​ပင်​သေ​သည်​ကို ပိ​လတ်​မင်း​သည် အံ့​ဩ​ခြင်း​ရှိ​သ​ဖြင့် တပ်​မှူး​ကို​ခေါ်၍၊ သေ​သည်​ကား ကြာ​ပြီ​လော​ဟု မေး၏။- 45သေ​ကြောင်း​ကို တပ်​မှူး​စ​ကား​ဖြင့်​သိ​လျှင်၊ အ​လောင်း​တော်​ကို ယော​သပ်​အား အပ်​ပေး၏။- 46ယော​သပ်​သည် ကိုယ်​တော်​ကို​ချ၍၊ မိ​မိ​ဝယ်​ခဲ့​သော ပိတ်​ချော​နှင့်​ပတ်​ရစ်​ပြီး​လျှင်၊ ကျောက်၌​ထွင်း​သော သင်္ချိုင်း​တွင်း​ထဲ​မှာ​ထား၍ တွင်း၌ ကျောက်​ကို လှိမ့်​ထား​လေ၏။- 47မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​တို့​သည် အ​လောင်း​တော်​ထား​ရာ​အ​ရပ်​သို့ ကြည့်​ရှု​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကု 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။