YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:32-72

ရှင်မာကု 14:32-72 JBMLE

ထို​အ​ခါ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့​ရောက်​ကြ​လျှင် ကိုယ်​တော်​က၊ ငါ​ဆု​တောင်း​စဉ်​တွင် သင်​တို့​သည် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊- ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​ခေါ်​သွား၍ မိန်း​မော​တွေ​ဝေ​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ စောင့်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊- ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်၍ အို အ​ဘ​ခ​မည်း​တော်၊- ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊- ပြန်​လာ၍ တ​ပည့်​တော်​တို့​သည် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင်၊ ရှိ​မုန်၊ သင်​သည် အိပ်​ပျော်​သ​လော။ တစ်​နာ​ရီ​ခန့်​မျှ စောင့်​နေ​ခြင်း​ငှာ မ​စွမ်း​နိုင်​သ​လော။- စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​သွား၍ ရှေ့​မြွက်​ဆို​သည်​နည်း​တူ ဆု​တောင်း​တော်​မူ၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့​ပြန်၍၊ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ၏။ သူ​တို့​သည် အ​ဘယ်​သို့ လျှောက်​ရ​မည်​ကို မ​သိ​ကြ။- သုံး​ကြိမ်​မြောက်​အောင် သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင်၊ ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ အ​မှု​လွန်​ပြီ။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။- ထ​ကြ။ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စေ​လွှတ်​သော​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို​ကိုင်​လျက် ချက်​ချင်း​လာ​ကြ၏။- ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း၍ လုံ​ခြုံ​စွာ ဆောင်​သွား​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊- သူ​သည် ရောက်​လျှင် ကိုယ်​တော်​ရင်း​သို့​ချက်​ချင်း ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ အ​ရှင်​ဘု​ရား​ဟု​ဆို​လျက် နမ်း​လေ၏။- ထို​သူ​တို့​သည် လာ၍ ကိုယ်​တော်​ကို​ဆွဲ​ကိုင် ဖမ်း​ဆီး​ကြ၏။- အ​နား၌ ရပ်​နေ​သော သူ​တစ်​ယောက်​သည် ဓား​ကို ဆွဲ​ထုတ်​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း သင်​တို့​သည် ဓား​ပြ​ကို ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား၊- ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ သင်​တို့​အ​လယ်၌ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ ဤ​အ​ကြောင်း​အ​ရာ​ကား၊- ကျမ်း​စာ​ပြည့်​စုံ​မည် အ​ကြောင်း​တည်း​ဟု ထို​လူ​များ​ကို မိန့်​တော်​မူ၏။- ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်၍ ပြေး​ကြ၏။ လု​လင်​တစ်​ယောက်​သည် စောင်​တစ်​ထည်​ကို​သာ ဝတ်​လျက် နောက်​တော်​သို့​လိုက်​သည်​ဖြစ်၍၊ မင်း​လု​လင်​တို့​သည် ထိုသူ​ကို ဖမ်း​ဆီး​ကြ၏။- သူ​သည်​လည်း စောင်​ကို​စွန့်​ပစ်၍ အ​ဝတ်​မ​ရှိ​ဘဲ လု​လင်​တို့​လက်​မှ ထွက်​ပြေး​လေ၏။ ထို​သူ​တို့​သည် ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ၏။ ထို​မင်း​ထံ၌ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​အ​ပေါင်း​တို့​သည် စည်း​ဝေး​ကြ၏။- ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​အ​တွင်း​သို့​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်​ပြီး​လျှင်၊ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်၍​မီး​လှုံ​လေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​ရ​မည်​အ​ကြောင်း သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။- လူ​များ​တို့​သည် မ​မှန်​သော​သက်​သေ​ကို ခံ​ကြ​သော်​လည်း သူ​တို့၏ သက်​သေ​ခံ​ချက်​သည်​မ​ညီ။- အ​ချို့​တို့​သည်​ထ၍၊ ဤ​သူ​က၊ လူ​တို့​လက်​ဖြင့် လုပ်​သော၊- ဤ​ဗိ​မာန်​တော်​ကို ငါ​ဖြို​ဖျက်၍ လူ​တို့​လက်​ဖြင့် မ​လုပ်​သော ဗိ​မာန်​တော်​တစ်​ဆူ​ကို တည်​ဆောက်​မည်​ဟု ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​ကြ၏။- သို့​သော်​လည်း သူ​တို့၏ သက်​သေ​ခံ​ချက်​သည် မ​ညီ။- ယဇ်​ပု​ရော​ဟိတ်​မင်း​သည် အ​လယ်၌ မတ်​တတ်​ထ၍၊ သင်​သည် တစ်​ခွန်း​မျှ​ပြန်၍ မ​ပြော​သ​လော။ ဤ​သူ​တို့​သည် အ​ဘယ်​သို့​သက်​သေ​ခံ​သ​နည်း​ဟု ယေ​ရှု​ကို​မေး​လျှင်၊- ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​ပြန်​ပြော​တော်​မ​မူ​ဘဲ တိတ်​ဆိတ်​စွာ​နေ၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သ​လော​ဟု မေး​ပြန်​လျှင်၊- ယေ​ရှု​က၊ မှန်၏။ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏​လက်​ယာ​ဘက်၌ ထိုင်​လျက်၊ မိုး​တိမ်​ကို စီး၍ ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက် အ​ဘယ်​သက်​သေ​ကို လို​သေး​သ​နည်း။- ဘု​ရား​ကို လွန်​ကျူး၍​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။ အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​ထိုက်​ကြောင်း​ကို ထို​သူ​အ​ပေါင်း​တို့​သည် စီ​ရင်​ကြ၏။- ထို​အ​ခါ အ​ချို့​တို့​သည် ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် လက်​သီး​နှင့် ထိုး​လျက်၊ ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု ဆို​ကြ၏။ မင်း​လု​လင်​တို့​သည်​လည်း ပါး​တော်​ကို လက်​နှင့်​ပုတ်​ကြ၏။ ပေ​တ​ရု​သည် အောက်​မှာ အိမ်​ဦး၌​ရှိ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် လာ၍၊- ပေ​တ​ရု​သည် မီး​လှုံ​လျက်​နေ​သည်​ကို မြင်​သော​အ​ခါ သူ့​ကို​စေ့​စေ့​ကြည့်၍၊ သင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ၊ နား​မ​လည်​ဟု ငြင်း​ခုံ​ပြီး​မှ အိမ်​ဦး​ရှေ့​သို့​ထွက်​သော် ကြက်​တွန်​လေ၏။- နောက်​တစ်​ဖန် အ​စေ​အ​ပါ​မိန်း​မ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ အ​နား၌ ရပ်​နေ​သော​သူ​တို့​အား၊ ဤ​သူ​သည် ထို​သူ​တို့ အ​ဝင်​ဖြစ်​သည်​ဟု ဆို​သော်၊- ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ခုံ​ပြန်၏၊ ထို​နောက် များ​မ​ကြာ​အ​နား၌ ရပ်​နေ​သော​သူ​တို့​က၊ အ​ကယ်​စင်​စစ် သင်​သည် ထို​သူ​တို့​အ​ဝင်​ဖြစ်၏။ သင်​သည် ဂါ​လိ​လဲ​လူ​ဖြစ်၏။ သင့်​စ​ကား​လည်း​တူ၏​ဟု ပေ​တ​ရု​ကို​ဆို​ကြ​လျှင်၊- ပေ​တ​ရု​က၊ သင်​တို့​ပြော​သော​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို​သည်​နောက်၊- တစ်​ဖန် ကြက်​တွန်​လေ၏။ ယေ​ရှု​က၊ ကြက်​သည် နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊ ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ခေါင်း​ကို​ခြုံ၍ ငို​ကြွေး​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။