YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 12:35-40

ရှင်မာကု 12:35-40 JBMLE

ထို​အ​ခါ​ယေ​ရှု​သည် ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​စဉ်​တွင်၊ ခ​ရစ်​တော်​သည် ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။- ဒါ​ဝိဒ်၏​စ​ကား​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏ ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ၏​သ​ခင်​အား မိန့်​တော်​မူ​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဒါ​ဝိဒ်​ဆို​သ​တည်း။- ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍ ခေါ်​လျှင် အ​ဘယ်​သို့ သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ၏။ လူ​များ​အ​ပေါင်း​တို့​သည် အား​ရ​ဝမ်း​မြောက်​သော​စိတ်​နှင့် စ​ကား​တော်​ကို နား​ထောင်​ကြ၏။ ထို​သို့ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင် တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ကျမ်း​ပြု​ဆ​ရာ​တို့​ကို ရှောင်​ကြ​လော့။ သူ​တို့​သည် ရှည်​သော​အင်္ကျီ​ကို​ဝတ်​လျက် လည်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊- ပွဲ​သ​ဘင်၊ တ​ရား​ဇ​ရပ်​တို့၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။- သူ​တို့​သည် မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ သူ​တို့​သည် သာ၍​ကြီး​စွာ​သော​ဒဏ်​ကို ခံ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။