YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 12:28-34

ရှင်မာကု 12:28-34 JBMLE

ထို​သို့ ဆွေး​နွေး​ငြင်း​ခုံ​ကြ​သည်​ကို ကျမ်း​ပြု​ဆ​ရာ​တစ်​ယောက်​သည် ကြား၍၊ ကိုယ်​တော်​သည် လျောက်​ပတ်​စွာ ပြန်​ပြော​တော်​မူ​သည်​ကို သိ​မြင်​လျှင် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ပ​ညတ်​တ​ကာ​တို့​တွင် အ​ဘယ်​မည်​သော​ပ​ညတ်​သည် သာ၍​မြတ်​သ​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ ပ​ညတ်​တ​ကာ​တို့​တွင် အ​မြတ်​ဆုံး​သော​ပ​ညတ် ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပါး​တည်း​ဖြစ်​တော်​မူ၏။- သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​ရှိ​သ​မျှ၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​လော့။ ဤ​ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​ဖြစ်၏။- ထို​မှ​တစ်​ပါး ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့ ဟူ​သော ဒု​တိ​ယ​ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​နှင့် သ​ဘော​တူ၏။ ဤ​ပ​ညတ်​တို့​ထက် သာ၍​ကြီး​မြတ်​သော ပ​ညတ်​မ​ရှိ​ဟု ပြန်၍​မိန့်​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် လျောက်​ပတ်​စွာ မိန့်​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း ရှိ​တော်​မူ၏။- ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင် မ​ရှိ။ ထို​ဘု​ရား​သ​ခင်​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​ရှိ​သ​မျှ၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ​ကို​လည်း၊ ကိုယ်​နှင့်​အ​မျှ ချစ်​ခြင်း​အ​ကျင့်​သည် မီး​ရှို့​သော​ယဇ်​ကောင်​မှ​စ၍ ယဇ်​အ​မျိုး​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သာ၍ မြတ်​ပါ​သည်​ဟု လျှောက်​လေ၏။- ထို​သို့ ပ​ညာ​သ​တိ​နှင့် ပြန်​လျှောက်​သည်​ကို ယေ​ရှု​သည်​သိ​မြင်​လျှင်၊ သင်​သည်​ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​မ​ဝေး​ဟု မိန့်​တော်​မူ၏။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။