YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 12:1-27

ရှင်မာကု 12:1-27 JBMLE

ထို​အ​ခါ ဥ​ပ​မာ​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍၊ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။- ကာ​လ​အ​ချိန်​တန်​လျှင်၊ လုပ်​ဆောင်​သော​သူ​တို့ လက်​မှ စ​ပျစ်​သီး​ကို​ခံ​စေ​ခြင်း​ငှာ သူ​တို့​ရှိ​ရာ​သို့ ငယ်​သား​ကို စေ​လွှတ်​လေ၏။- ထို​သူ​တို့​သည် ငယ်​သား​ကို​ဖမ်း​ဆီး၍ ရိုက်​ပြီး​မှ လက်​ချည်း လွှတ်​လိုက်​ကြ၏။- နောက်​တစ်​ဖန် အ​ခြား​သော ငယ်​သား​ကို သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​ပြန်​လျှင်၊ ဥ​ယျာဉ်​စောင့်​တို့​သည် ခဲ​နှင့်​ပစ်​သ​ဖြင့်၊ သူ၏​ခေါင်း​ကို​မှန်၍ အ​ရှက်​ခွဲ​ပြီး​မှ လွှတ်​လိုက်​ကြ၏။- အ​ခြား​သော​ငယ်​သား​ကို စေ​လွှတ်​ပြန်​လျှင်၊ သူ့​ကို​သတ်​ကြ၏။ အ​ခြား​သော​ငယ်​သား​များ​တို့​တွင် အ​ချို့​တို့​ကို ရိုက်​ကြ၏။ အ​ချို့​တို့​ကို သတ်​ကြ၏။- ထို​ကြောင့် ဥ​ယျာဉ်​ရှင်​သည် မိ​မိ၌​ချစ်​သား​တစ်​ယောက်​တည်း ရှိ​သေး​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ငါ့​သား​ကို အား​နာ​ကြ​လိမ့်​မည်​ဟု ဆို၍ မိ​မိ​သား​ကို နောက်​ဆုံး၌ စေ​လွှတ်​လေ၏။- ဥ​ယျာဉ်​စောင့်​တို့​က​လည်း၊ ဤ​သူ​သည် အ​မွေ​ခံ​ဖြစ်၏။ လာ​ကြ၊ သူ့​ကို​သတ်​ကြ​ကုန်​အံ့။ ထို​သို့ သူ၏ အ​မွေ​ဥ​စ္စာ​ကို ငါ​တို့​ရ​ကြ​လိမ့်​မည်​ဟု အ​ချင်း​ချင်း​တိုင်​ပင်၍၊- ဥ​ယျာဉ်​ရှင်၏​သား​ကို ဖမ်း​ယူ​ပြီး​မှ သတ်၍ ဥ​ယျာဉ်​ပြင်​သို့ ထုတ်​ပစ်​ကြ၏။- သို့​ဖြစ်​လျှင်၊ ဥ​ယျာဉ်​ရှင်​သည် အ​ဘယ်​သို့​ပြု​မည်​နည်း၊ သူ​သည်​လာ၍ ဥ​ယျာဉ်​စောင့်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ ထို​ဥ​ယျာဉ်​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်။- တိုက်​ကို တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွတ်ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။- ငါ​တို့​မျက်​မှောက်၌​လည်း၊ အံ့​ဩ​ဖွယ်​ဖြစ်၏ ဟူ​သော​စ​ကား​ကို ကျမ်း​စာ၌ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် မိ​မိ​တို့​ကို​ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို သိ​သော​ကြောင့်၊ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း စု​ဝေး​သော​သူ​တို့​ကို ကြောက်​သော​ကြောင့် အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။ တစ်​ဖန် စ​ကား​တော်​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို​ရ​ခြင်း​ငှာ ဖာ​ရိ​ရှဲ​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​အ​ချို့​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။- ထို​သူ​တို့​သည် ချဥ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ​ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော။- အ​ကျွန်ုပ်​တို့​သည် ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည်​လော​ဟု မေး​လျှောက်​ကြ၏။ ကိုယ်​တော်​သည် ထို​သူ​တို့၏​လျှို့​ဝှက်​ခြင်း​ကို သိ​တော်​မူ​လျှင်၊ သင်​တို့​သည် ငါ့​ကို​အ​ဘယ်​ကြောင့် စုံ​စမ်း​နှောင့်​ယှက် ကြ​သ​နည်း။ ဒေ​နာ​ရိ​တစ်​ပြား​ကို ငါ​ကြည့်​ဖို့ ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၍၊- သူ​တို့​သည် ယူ​ခဲ့​ကြ၏။ ဤ​ပုံ၊ ဤ​လိပ်​စာ​ကား အ​ဘယ်​သူ၏​ပုံ၊ အ​ဘယ်​သူ၏​လိပ်​စာ ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား၊ ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို သူ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။ ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟူ၍ အ​ယူ​ရှိ​သော ဇ​ဒ္ဒု​ကဲ​တို့​သည်​လည်း အ​ထံ​တော်​သို့ ချည်း​ကပ်၍၊- အ​ရှင်​ဘု​ရား၊ လူ​မည်​သည်​ကား သား​မ​ရှိ​ဘဲ သေ​သွား၍ မ​ယား​ကျန်​ရစ်​လျှင်၊ သူ့​ညီ​သည် ထို​မိန်း​မ​ကို သိမ်း​ယူ၍ အစ်​ကို​အ​မျိုး​မ​ပြတ် ဆက်​နွယ်​စေ​ဟု အ​ကျွန်ုပ်​တို့​အား မော​ရှေ​စီ​ရင်​ရေး​ထား​ပါ​ပြီ။- ညီ​အစ်​ကို​ခု​နစ်​ယောက် ရှိ​ပါ၏။ အစ်​ကို​အ​ကြီး​သည် မိန်း​မ​နှင့်​စုံ​ဖက်၍ သား​မ​ရှိ​ဘဲ​သေ​လျှင်၊- သူ၏​မ​ယား​ကို သူ့​ညီ​အ​ကြီး​သိမ်း​ယူ၍ သား​မ​ရှိ​ဘဲ သေ​ပြန်​လေ၏။- ထို​အ​တူ တ​တိ​ယ​သူ​မှ​စ၍ တစ်​ယောက်​နောက်​တစ်​ယောက် ခု​နစ်​ယောက်​သော ညီ​အစ်​ကို​တို့​သည် ထို​မိန်း​မ​ကို​သိမ်း​ယူ၍ သား​ကို မ​ကျန်​ရစ်​စေ​ကြ။ နောက်​ဆုံး၌ မိန်း​မ​သည်​လည်း သေ​လေ၏။- သို့​ဖြစ်၍ ထ​မြောက်​ရာ​ကာ​လ၌ သူ​တို့​သည် ထ​မြောက်​ကြ​သော​အ​ခါ ထို​မိန်း​မ​သည် အ​ဘယ်​သူ၏ မ​ယား​ဖြစ်​ပါ​မည်​နည်း။ ထိုသူ​ခု​နစ်​ယောက်​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​ကြ​ပြီ​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ကျမ်း​စာ​ကို နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။- သေ​ခြင်း​မှ ထ​မြောက်​ကြ​သော​အ​ခါ စုံ​ဖက်​ခြင်း​ကို​မ​ပြု၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု၊ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဖြစ်​ကြ၏။- ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား ဖြစ်​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​ကြောင်း​ကို မော​ရှေ​၏​ကျမ်း၊ ချုံ​ခဏ်း​၌ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။- ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏​ဘု​ရား မ​ဟုတ်၊ အ​သက်​ရှင်​သော​သူ​တို့၏​ဘု​ရား ဖြစ်​တော်​မူ၏။ ထို​ကြောင့် သင်​တို့​သည် အ​လွန်​မှား​ကြ​သည်​ဟု မိန့်​တော်​မူ၏။