YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:5-12

ရှင်မာကု 10:5-12 JBMLE

ယေ​ရှု​က​လည်း၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မော​ရှေ​သည် ထို​ပ​ညတ်​ကို ရေး​ထား​သ​တည်း။- ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​စ​က ယောက်ျား​နှင့် မိန်း​မ နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။- ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊- ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။ ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ် တစ်​ဦး​တည်း​ဖြစ်၏။- ဘု​ရား​သ​ခင် တွဲ​ဖက်၍ ထမ်း​ပိုး​တင်​တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။ နောက်​တစ်​ဖန် တ​ပည့်​တော်​တို့​သည် အိမ်၌​ရှိ​စဉ်၊ ထို​အ​ကြောင်း​ကို မေး​လျှောက်​ပြန်​ကြ၏။ ကိုယ်​တော်​က​လည်း၊ အ​ကြင်​သူ​သည် မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြ၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။- မိန်း​မ​သည်​လည်း မိ​မိ​လင်​နှင့်​ကွာ၍ အ​ခြား​သော​ယောက်ျား​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျှင် မှား​ယွင်း​ခြင်း​သို့ ရောက်​သည်​ဟု မိန့်​တော်​မူ၏။

​ရှင်မာကု 10:5-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။