YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:17-31

ရှင်မာကု 10:17-31 JBMLE

လမ်း​မှာ​ကြွ​တော်​မူ​စဉ်​တွင် လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ပြေး၍ ဒူး​ထောက်​လျက်၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့် ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။- သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ သူ့​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် မ​သိမ်း​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊- အ​ရှင်​ဘု​ရား၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ စောင့်​ရှောက်​ပါ​ပြီ​ဟု လျှောက်​ပြန်​လျှင်၊- ယေ​ရှု​သည်၊ ထို​သူ​ကို​ကြည့်​ရှု​လျက် ချစ်​သော​စိတ်​ရှိ၍၊ သင်​သည် တစ်​ခု​လို​သေး၏။ သွား​လော့။ ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင်၊ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် မျက်​နှာ​ပျက်၍ စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။ ယေ​ရှု​က​လည်း၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏​ဟု ပတ်​လည်​သို့​ကြည့်​ရှု၍ တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။ တစ်​ဖန်​ယေ​ရှု​က၊ ငါ​သား​တို့၊ မိ​မိ​ဥ​စ္စာ​ကို မှီ​ခို​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။- ကု​လား​အုတ်​သည် အပ်​န​ဖား​ကို​လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် သာ၍​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ သူ​တို့​ကို​ကြည့်​ရှု၍၊ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်​သော်​လည်း၊ ဘု​ရား​သ​ခင် မ​တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ၊ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း၊ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။- ထို​သူ​သည် အ​ဆ​တ​ရာ​သော အ​ကျိုး​တည်း​ဟူ​သော ယ​ခု​ကာ​လ၌ ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ အ​မိ၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့။- နောက်​ကျ​သော​သူ​အ​များ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​အ​များ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

​ရှင်မာကု 10:17-31 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။