YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 9:18-22

ရှင်မဿဲ 9:18-22 JBMLE

ထို​စ​ကား​ကို မိန့်​တော်​မူ​စဉ် အ​ရာ​ရှိ​တစ်​ယောက်​သည် လာ၍ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏​သ​မီး​သည် ယ​ခု​ပင် သေ​ဆဲ​ရှိ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်​သည်​ကြွ၍ သူ့​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု လျှောက်၏။- ယေ​ရှု​သည် ထ၍ တ​ပည့်​တော်​နှင့်​အ​တူ ထို​သူ​နောက်​သို့ လိုက်​တော်​မူ၏။- ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော မိန်း​မ​တစ်​ယောက်​က၊- ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု စိတ်​ထင်​နှင့် နောက်​တော်​သို့​ချဉ်း​ကပ်၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို တို့​လေ၏။- ယေ​ရှု​သည် လှည့်၍ ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင်၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​မှ​စ၍ ထို​မိန်း​မ​သည် အ​နာ​ကင်း​ပျောက်​လေ၏။

ရှင်မဿဲ 9:18-22 အကြောင်း ဗီဒီယိုများ