YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 7:7-12

ရှင်မဿဲ 7:7-12 JBMLE

တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင်​ဖွင့်​မည်။- တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို​ဖွင့်၏။- သား​သည် မုန့်​ကို​တောင်း​လျှင် မိ​မိ​သား​အား ကျောက်​ကို​ပေး​မည်​သူ၊- ငါး​ကို တောင်း​လျှင် မြွေ​ကို​ပေး​မည်​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​တွင် ရှိ​သ​လော။- သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို​သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော။- သင်​တို့​သည် ကိုယ်၌ သူ​တစ်​ပါး​ပြု​စေ​လို​သ​မျှ​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။ ဤ​ပ​ညတ်​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့၏ အ​ချုပ်​အ​ချာ​ပင် ဖြစ်​သ​တည်း။