YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 7:1-5

ရှင်မဿဲ 7:1-5 JBMLE

သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ရ​မည်​အ​ကြောင်း သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။- သင်​တို့​သည် အ​ကြင်​တ​ရား​အ​တိုင်း သူ​တစ်​ပါး​ကို​စီ​ရင်​ကြ၏၊ ထို​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။- ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။- ကိုယ်​မျက်​စိ၌ တံ​ကျင်​ရှိ​လျက်​ပင် ညီ​အစ်​ကို​အား သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့​ဆို​သ​နည်း။- လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေး​ဦး​စွာ ထုတ်​ပစ်​လော့။ နောက်​မှ ညီ​အစ်​ကို မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပစ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။