YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 4:19-22

ရှင်မဿဲ 4:19-22 JBMLE

ထို​သူ​တို့​အား ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​သည် လူ​ကို မျှား​သော​တံ​ငါ ဖြစ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု အ​မိန့်​တော်​ရှိ​လေ​သော်၊ ထို​သူ​တို့​သည် ချက်​ချင်း ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။ ထို​မှ​လွန်​ပြန်​လျှင် အ​ခြား​သော​ညီ​အစ်​ကို​နှစ်​ယောက်၊ ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည် သူ​တို့​အ​ဘ​နှင့်​အ​တူ လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ခေါ်​တော်​မူ၏။ ထို​သူ​တို့​သည်​လည်း ချက်​ချင်း အ​ဘ​နှင့် လှေ​ကို စွန့်​ပစ်၍ နောက်​တော်​သို့​လိုက်​ကြ၏။

ရှင်မဿဲ 4:19-22 အကြောင်း ဗီဒီယိုများ