YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 4:1-17

ရှင်မဿဲ 4:1-17 JBMLE

ထို​အ​ခါ မာရ်​နတ်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​စေ​မည်​အ​ကြောင်း၊ ဝိ​ညာဉ်​တော်​သည် ယေ​ရှု​ကို တော​သို့​ပို့​ဆောင်​တော်​မူ၍၊- ယေ​ရှု​သည် အ​ရက်​လေး​ဆယ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ကို မ​သုံး​ဆောင်​ဘဲ​နေ​ပြီး​မှ မွတ်​သိပ်​ခြင်း​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​မည် မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။- ထို​အ​ခါ မာရ်​နတ်​သည် ယေ​ရှု​ကို သန့်​ရှင်း​သော​မြို့​တော်​သို့ ဆောင်​သွား၍ ဗိ​မာန်​တော်၏​အ​ထွတ်၌ တင်​ထား​ပြီး​လျှင်၊- ကျမ်း​စာ​လာ​သည်​ကား၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည် ဖြစ်၍၊ သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ သူ​တို့​သည်​သင့်​ကို လက်​နှင့် မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ကိုယ်​ကို အောက်​သို့​ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟု ကျမ်း​စာ​လာ​ပြန်​သည်​ဟု မိန့်​တော်​မူ၏။- တစ်​ဖန်​မာရ်​နတ်​သည် ယေ​ရှု​ကို အ​လွန်​မြင့်​လှ​စွာ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌ ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို​လည်း​ကောင်း၊ ထို​တိုင်း​နိုင်​ငံ​တို့၏ ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း ပြ​ညွှန်၍၊- ကိုယ်​တော်​သည် ငါ့​ကို ညွှတ်​ပျပ်​ကိုး​ကွယ်​လျှင် ယ​ခု​ပြ​လေ​သ​မျှ​တို့​ကို ငါ​ပေး​မည်​ဟု​ဆို​လေ၏။- ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ မာရ်​နတ်​သည် အ​ထံ​တော်​မှ​ထွက်​သွား၍ ကောင်း​ကင်​တ​မန်​တို့​သည် ချဉ်း​ကပ်​လျက် လုပ်​ကျွေး​ကြ၏။- ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင်၊ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ၍၊- နာ​ဇ​ရက်​မြို့​ကို စွန့်​သွား​လျက်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​စပ်​ကြား​တွင် အိုင်​နှင့်​နီး​စပ်​သော က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ နေ​တော်​မူ၏။- ဤ​အ​ကြောင်း​အ​ရာ​ကား၊ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ နှုတ်​ထွက်​ပြည့်​စုံ​မည် အ​ကြောင်း​တည်း။- နှုတ်​ထွက်​အ​ချက် ဟူ​မူ​ကား၊ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​တည်း​ဟူ​သော အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်၊- မှောင်​မိုက်​ထဲ​မှာ​ရှိ​နေ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏​ဟု ဟော​ထား​သ​တည်း။- ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။