YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:32-52

ရှင်မဿဲ 27:32-52 JBMLE

သွား​ကြ​စဉ်​တွင် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ ပြည်​သား​တစ်​ယောက်​ကို တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။- ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု ဆို​လို​သော ဂေါ​လ​ဂေါ​သ အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊- ဆေး​ခါး​နှင့် ရော​သော​ပုံး​ရည်​ကို ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျှင်၊ မြည်း​စမ်း​တော်​မူ၍ မ​သောက်​ချင်​ဘဲ နေ​လေ၏။- ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။- ထို​အ​ရပ်၌​လည်း ထိုင်​လျက် စောင့်​နေ​ကြ၏။- အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင်​ဘု​ရင် ယေ​ရှု​ပေ​တည်း​ဟု​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။- ထို​အ​ခါ ကိုယ်​တော်​နှင့်​တ​ကွ ဓား​ပြ​နှစ်​ယောက်​တို့​ကို လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ လမ်း​မှာ သွား​လာ​သော​သူ​တို့​က​လည်း၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊ ကိုယ်​ကို​ကိုယ်​ကယ်​တင်​လော့။- ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ဆင်း​လော့​ဟု မိ​မိ​တို့​ခေါင်း​ကို​ညိတ်၍ ကဲ့​ရဲ့​သော​စ​ကား​နှင့်​ပြော​ဆို​ကြ၏။- ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။- ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ။ ဆင်း​လျှင် ငါ​တို့​ယုံ​ကြည်​မည်။- သူ​သည် ဘု​ရား​သ​ခင်​ကို ကိုး​စား​ပြီ။ ငါ​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်၏​ဟု ဆို​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် သူ၌ အ​လို​တော်​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။- ထို​နည်း​တူ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​ဓား​ပြ​တို့​သည်​လည်း ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။ မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။- သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မာ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။- ထို​အ​ရပ်၌ ရပ်​နေ​သော​သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​သည်​ဟု ဆို​ကြ၏။- လူ​တစ်​ယောက်​သည် ချက်​ချင်း​ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လေ၏။- ကြွင်း​သော​သူ​တို့​က၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ကယ်​တင်​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို​ကြ၏။- ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် တစ်​ဖန် ကြွေး​ကြော်​ပြီး​လျှင် အ​သက်​တော်​ကို လွှတ်​တော်​မူ၏။- ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ​အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။ မြေ​ကြီး လှုပ်​လေ၏။ ကျောက်​များ​တို့​သည်​ကွဲ​ပြား​ကြ၏။- သင်္ချိုင်း​တွင်း​တို့​သည် ပွင့်​လစ်​သ​ဖြင့် ကျိန်း​စက်​လျက်​ရှိ​သော သန့်​ရှင်း​သူ​တို့၏ အ​လောင်း​များ​စွာ​တို့​သည် ထ​ကြ၍၊

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။